Arc-10.22(စစ်သူကြီးပိုင်ကုဖန်း)

7.9K 1.3K 53
                                    

Zawgyi

"မင်းသမီးချင်းယု အမိန့်တော်ကို လက်ခံတော်မူပါ"ပြောသံဆုံးမှာ ဝေ့ချင်းယုအပါအဝင်အားလုံးအံ့အားသင့်သွားကြသည်၊အဆိုးဆုံးဟာ ဖုန်းဝေ့လျောင်ပင် သူအရင်ဘဝက ရရှိခဲ့သည်ရာထူးဟာ အခြားသူလက်ထဲလွယ်လွယ်ပါသွားမယ်လို့ မထင်ခဲ့ပေ၊သူဟာ မထိန်းနိုင်အောင်ကို အမူအရာပျက်သွားပြီး အော်ဟစ်ကန့်ကွက်ချင်သည့်စိတ်များပေါက်သွားပေမယ့် သူ့စိတ်ကိုအလျင်အမြန်ထိန်းသိမ်းလိုက်နိုင်သည်၊သူဝင်မ​ပြောစရာမ​လို​အောင် အခြားသူတွေ ဝင်ရောက်ကန့်ကွက်မည်ကို သူသိသည်ကိုး၊

'ဘယ်သူက အမျိုးသမီးတစ်ယောက်ကို နိုင်ငံရေးမှာထည့်ချင်မှာလဲ' ပြီးတော့ ဒီဝေ့ချင်းယုက ဘယ်လောက်တောင်များ အသုံးကျမှာမို့လို့လဲ...၊ငါဆိုတဲ့ ဖုန်းဝေ့လျောင်က ဘဝနှစ်ဘဝစာ ဆေးပညာလေ့လာရတဲ့လူမျိုးကို ယှဉ်မှာတဲ့လား၊

ဖုန်းဝေ့လျောင်ထင်သည့်အတိုင်းပင် အမတ်အချို့နဲ့ ဆေးဌာနကသမားတော်တွေဟာလည်း ကန့်ကွက်စကားဆိုလာတော့သည်၊ဒါပေမယ့် မင်ရန်ဟောက်ဟာ ထိုလူတွေကို စိုက်ကြည့်လိုက်ပြီး

"အခုကျတော့ ဥာဏ်ရွှင်တော်တွေ ထွက်ပြီး ကန့်ကွက်စကားဆိုနိုင်တယ်ပေါ့ မနေ့ကကျတော့ ဘာလို့ သင်တို့နူတ်ပိတ်နေရတာလဲ!" လို့ ပြောဆိုလာသည့်အခါမှာတော့ ကန့်ကွက်စကားဆိုသည့်အမတ်တွေဟာ ဒူးထောက်ကာ မြေပြင်မှာဝပ်ရင်း

"မင်းကြီး အမိန့်တော် ပြန်လည်ရုတ်သိမ်းပေးပါ...ဒါ နတ်ဘုရားမကြိုက်တဲ့လုပ်ရပ်ပါ! အမျိုးသမီးတစ်ယောက်ဆိုတာ နိုင်ငံရေးမှာ မပါဝင်သင့်ဘူး!"

"တိတ်စမ်း!!!သင်တို့က ဘယ်လောက်တောင် အသုံးကျနေလို့ ဒီစကားထွက်လာရဲတာလဲ ဟမ်! မရှက်တတ်ဘူးလား! ငါကိုယ်တော်ရဲ့ညီမတော်​ဝေ့ချင်းယုက မြွေနှစ်ရောက်တဲ့ချိန်မှာ သက်တော် ၂၀စွန်းရုံပဲ ရှိဦးမယ် ဒီငယ်ရွယ်တဲ့ကလေးမလောက်တောင် သင်တို့ကိုယ်သင်တို့ အသုံးမကျဘူးလို့တွေးပြီး ကြိုးစားမယ်မရှိဘူး! ပါရမီရှင်တစ်ယောက်ကို လူညွှန့်တုံးသွားအောင် ငါကိုယ်တော်အမိန့်ကို လွန်ဆန်ရဲကြတယ်! လာကြစမ်း မနေ့က စစ်သူကြီးပိုင်ကုဖန်းကို မကုသနိုင်တဲ့ သမားတော်တွေကို ကြိမ်ဒဏ် ၃၀ဆီ ရိုက်လိုက်စမ်း" လို့ မင်ရန်ဟောက်ဟာ တင်းမာသည့်မျက်နှာထားနဲ့ပြောလာသည့်ချိန် ဘယ်သူမှဝင်မပါရဲကြတော့ပေ၊သူတို့ဘုရင်ဟာ ငယ်ရွယ်ကာထက်မြက်သည့်မင်းတစ်ပါးဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေဟာ သူ့အတွက်ဘာမှမဟုတ်ပေ၊ဒါ​ကြောင့် သမားတော်တွေဟာ အကြောက်အလန့်ဖြင့် ရဲမက်တွေနောက်ပါသွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now