Arc.8.14(Vampireရဲ့ကြင်ယာတော်)

12.3K 1.7K 62
                                    

Zawgyi

မကြာခင် စစ်ပွဲစတင်တော့မည်...လူသားမျိုးနွယ်နဲ့ ဝံပုလွေမျိုးနွယ်ဟာ Vampire မျိုးနွယ်ဆီ စစ်ကြေညာလွှာပေးပို့ခဲ့ပြီး တကယ်လို့ လက်နက်ချပြီး အညံ့ခံမယ်ဆိုရင် လူသားမျိုးနွယ်ရဲ့သစ္စာဖောက် မစ်လ် ကိုင်မိုဆိုစ်ဒီးယားအား သူ့တို့လက်ထဲအပ်ရန်ဖြစ်ပြီး ဝံပုလွေမျိုးနွယ်ဟာလည်း Vampire နယ်မြေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို သူတို့ထံ လွဲပေးရန်ဖြစ်ည်၊ ဒီမျိုးနွယ်နှစ်ခုက သူတို့နိုင်မယ်လို့ တော်တော်ယုံကြည်နေပုံရတယ်

ခရစ်ချက်စ်ဟာ ထိုစာလွှာကိုကြည့်ရင်း တဖြေးဖြေးမျက်နှာဟာမဲသဲလာပြီး အစည်းအဝေးခန်းရှိလေထုသည်လည်း ပိုမိုအေးစက်လာကာ အခန်းထဲရှိ Vampire အကြီးအကဲများမှာ အသက်ရှူကြပ်လာသလို၊ခံစားလာရသည်၊ဒါပေမယ့် သူတို့ဟာ 'ကြင်ယာတော်မစ်လ်ကို လူသားမျိုးနွယ်ဆီ အပ်နှံ့သင့်ကြောင်း'တစ်ယောက်မှ ဝင်မပြောချေ၊ စိတ်ထဲတောင် အဲ့အတွေးနဲ့မပစ်မှားရဲပေ၊ နယ်မြေကိစ္စလား?? ပိုတောင်ဆိုးသေးသည်၊အရိုးချေချေ၊အရည်ခမ်းခမ်း အရှင်သခင်နဲ့ အတူ ရေမြေဆုံးထိတိုက်ခိုက်ရန် သူတို့ရင်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနှင့်ပြီ၊

လွန်ခဲ့တဲ့ တစ်လက ကြင်ယာတော်မစ်လ်ဟာ လူသားမျိုးနွယ်ထဲခိုးဝင်ပြီး သူရဲ့မိတ်ဆွေများကို ချောချောမောမောကယ်တင်နိုင်ခဲ့သည့်အပြင် လူသားမျိုးနွယ်ရဲ့လက်နက်ရုံကိုပါ မီးလောင်တိုက်သွင်းခဲ့တာကို ကြည့်ရုံဖြင့် ဘယ်လောက်ထိတော်လဲ သိသာသည်၊ပြီးတော့ ထိုနေ့ညမှာပင် Vampire တွေကို မုန်းတယ်ထင်ရသည့် ကြင်ယာတော်မစ်လ်ဟာ သူတို့ရဲ့အရှင်သခင်ကိုလက်ခံကာ သွေးတိုက်သုံးဆောင်ခဲ့တာကြောင့် Vampireရဲ့ကယ်တင်ရှင်လိုပင် ဖြစ်လာသည်၊

မရာဒီရယ်က ထက်မြက်ပေမယ့် ကြင်ယာတော်မစ်လ်ဟာ ပိုပြီး ရှေ့ရေးကိုမြင်သည်၊ကြင်နာတတ်သည်၊စာနာတတ်သည်၊ သူတို့ သိရသလောက်ဆိုရင် Vampireနယ်မြေကို လမ်းမှားရောက်လာသည့် မရာဒီရယ်ကို ကယ်တင်ဖို့ ကြင်ယာတော်မစ်လ်ဟာ တွေဝေခြင်းမရှိပဲ သူတို့နယ်မြေမှာ နေခဲ့ချင်းဖြစ်သည်...ဒါကို ကြည့်ခြင်းအားဖြင့် အနစ်နာခံတတ်တဲ့စိတ်ဓာတ်လည်း ရှိသည်၊ ဒါ ကြင်ယာတော်တွေမှာရှိသင့်သည့် အချက်အလက်ဖြစ်သည်၊

Zhao Wen Xuan(System)Where stories live. Discover now