Arc.5.10(အီသန် ဆီရိမစ်လ်)🔞🔞

21.6K 2.2K 72
                                    


စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါတယ်
စာအရေးအသား မသေသပ်ရင် သည်းခံဖတ်ပေးပါဗျ

Zawgyi

"မင်းတို့အရှင်ကို အေးဆေး အနားယူခိုင်းလိုက် အရှင့်ပေါ် ကျုပ်အနည်းငယ် ကြမ်းတမ်းမိသွားတယ်"

'အနားယူလိုက်?????ကြမ်းတမ်းသွားတယ်???' ဘာစကားတွေပြောနေတာလဲ နားကိုမလည်တော့ဘူး ဒါပေမယ့် ကုတင်ပေါ် တင်လိုက်တဲ့အချိန်မှာ အရှင့်ရဲ့ကိုယ်ပေါ် ခြုံထားတဲ့ ခြုံထည်ဟာ အောက်ကို လျှောကျသွားတဲ့ အချိန်မှာတော့ လော့နဲ့တူးဟာ သူတို့ လိုက်လို့ဥာဏ်မမှီတဲ့အရာဟာ ဘာလဲဆိုတာ သိရှိသွားတော့သည်၊
(ဒါတော့ သိသေးတာပဲ)

အရှင့်ရဲ့ ဖြူဖွေးနေတဲ့ အသားအရည်ပေါ်မှာ ညိုမဲစွဲနေတဲ့ အမှတ်အသားတွေ ကိုက်ရာတွေကို ဆိုးဝါးစွာ တွေ့လိုက်ရသည်၊ အရှင့်ပေါ်တတ်အုပ်သွားတဲ့ သူက လူမဟုတ်ဘူး တကယ့်ကို ရမ္မက်ကြီးတဲ့နဂါးဖြစ်နေတာကိုး
သူတို့လည်း ဘာမှမပြောရဲတော့၊ငြိမ်ကာနေရင်း ဂီနိုင်ငံရဲ့ဘုရင်မင်းမြတ်ပြောသမျှကို ခေါင်းညိတ်ကာ နေနေတော့သည်၊ နာရီဝက်ကြာတော့ ဂီနိုင်ငံရဲ့ဘုရင်မင်းမြတ်ဟာ ထွက်သွားတော့သည်၊သူတို့လည်း သက်ပြင်းအကြီးကြီးချကာ... သူနေရာမှာနေသလို အေးဆေးစွာထွက်သွားတာကိုကြည့်ရင်း

'ငါတို့မိတ်ဆွေနိုင်ငံတွေက ဘုရင်တွေ အိမ်ရှေ့စံတွေက တော်တော်အားယားနေကျတာပဲ'

အီသန်ဟာ သူတကိုယ်လုံး ကိုက်ခဲစွာ နိုးလာပြီး မနေ့က သူနဲ့သြမက် ဖြစ်ခဲ့သမျှကို တွေးနေမိသည်၊ သြမက်ရဲ့ကိုယ်ထဲတွင် သူချစ်သူရဲ့ဝိညာဉ်အပိုင်းအစရှိနေတာကို သိလိုက်ရတော့ စိတ်ကျေနပ်သွားသည်၊ မဟုတ်ရင် Mission ရှူံးရင် ရှူံး ၊မရှူံးရင် ထိုသြမက်နဲ့ နှစ်ပါးသွားရမည်ဖြစ်သည်၊ အခုတော့ သြမက်ဟာ သူချစ်သူ ၊ဒီMissionက အောင်မြင်သွားပြီ၊ဒါပေမယ့် ဟိုနှစ်ယောက်ကို အပြတ်ဖြတ်ဖို့ပဲ ကျန်တော့တယ်၊ ဟက် ကိစ္စမရှိပါဘူး မကြာခင် သူတို့ ငါ့ကို စိန်ခေါ်ကျတော့မှာပဲလေ၊

Zhao Wen Xuan(System)Where stories live. Discover now