Arc-12.1(Little lover)

8.2K 839 64
                                    

Zawgyi

ကျောက်ဝမ်ရွှမ်တစ်ယောက် အလင်းနန်းတော်ကို ပြန်ရောက်ချိန်မှာ အုပ်ချုပ်သူဟာ သူ့ကို အခေါ်ခိုင်းလိုက်ကြောင်း ပြောကြားလာတော့သည်၊ဒါကြောင့် သူဟာ Skyကိုပြောလိုက်ပြီး အုပ်ချုပ်သူဆန်းဆီကို သွားကာ

"ဆန်း ကျွန်တော့်ကို ခေါ်တယ်ဆို..." အုပ်ချုပ်သူအမူအရာဟာ တည်ငြိမ်နေကာ သူဟာ ကျောက်ဝမ်ရွှမ်ကို ဝိုင်းစက်နေသည့်ဖန်လုံးတစ်လုံးပေးကမ်းလိုက်သည်၊ကျောက်ဝမ်ရွှမ်ဟာ ဘာမှန်းမသိ​ပေမယ့် ထိုဖန်လုံးကို ယူလိုက်ချိန်မှာ ဖန်လုံးဟာလင်းလက်တောက်ပကာ ခွဲထွက်သွားတော့ ရွှေရောင်လင်းဖြာနေတဲ့ဝိညာဉ်စွမ်းအင်တွေဟာ ကျောက်ဝမ်ရွှမ်ကို ရစ်နွယ်သွားကာ ကျောက်ဝမ်ရွှမ်ကိုယ်ထဲ အလုံးအရင်း ဝင်ရောက်လာတော့သည်၊

"အား!" များစွာသော စွမ်းအင်တွေ ကျောက်ဝမ်ရွှမ်တိုက်ရိုက်ခံယူလိုက်ချိန်မှာ ထိုဖိအားကို မခံနိုင်တာကြောင့် မြေပြင်ပေါ် ဒူးထောက်သွားကာ သွေးတစ်ချက်အန်သွားတော့သည်၊ထိုနောက်မှာ သူရဲ့​ခေါင်းဟာ ကိုက်ခဲလာပြီး များစွာသောမှတ်ဥာဏ်တွေ ဝင်ရောက်လာတော့သည်၊သူမသိခဲ့သည့်တာဝန်ထမ်းဆောင်ခဲ့သည့်ဘဝတွေအပြင် သူရဲ့အရင်ဘဝပါ ပါဝင်ခဲ့သည်၊ယောကျာ်းတစ်ဦးဟာ သူဆေးရုံရဲ့ပြတင်းပေါက်မှာ ရှိတဲ့ချိန်တိုင်း ငေးမောနေတတ်ပြီး တစ်ခါတလေ သူ့ကို နှစ်သိမ့်ပေးခဲ့ဖူးသည်၊

ထိုယောကျာ်းရဲ့နာမည်ကို 'ရန်'လို့သာ သိပြီး အဲ့တာထက် ပိုမသိတော့ချေ၊ဒါပေမယ့် ဒီဝိညာဉ်စွမ်းအင်တွေရဲ့ပိုင်ရှင်ဟာ ထိုယောကျာ်းဖြစ်နေခဲ့သည်၊

"ဘာကြောင့် သူက ကျွန်တော့်ကို ကူညီရတာလဲ"

"အမှောင်းနန်းတော်ကနေ ပေးဆောင်လိုက်တာပဲ၊အဲ့လူလည်း ထွက်သွားခဲ့ပြီ သိပ်တွေးမနေနဲ့တော့" ဆန်းဟာပြောလိုက်တာကြောင့် ကျောက်ဝမ်ရွှမ်ဟာ အလိုမကျစွာမျက်မှောင်ကြုတ်သွားပေမယ့် သူဟာ ဘာမှပြန်မပြောတော့ပေ၊သူရဲ့မှတ်ဥာဏ်နှစ်ခုကို ပြန်ပေါင်းစီးပေးရဦးမည်၊မှတ်ဥာဏ်တွေ ပြန်ပေါင်းစည်းချိန်မှာ သူရဲ့ချစ်သူဟာ တစ်ကယ်ကို ကတိတည်ခဲ့သည်၊

Zhao Wen Xuan(System)Where stories live. Discover now