Arc-13(End)

813 86 0
                                        

Unicode

ရှနဲလ်က သောမတ်အား သူလည်း လိုက်သွားချင်ကြောင်း ပြောကြားလိုက်သည်။ မူလရှနဲလ်၏ အမုန်းတရားက ကြီးမားလွန်းလှပြီး သူကိုယ်တိုင် ချင်းယွင်ကို မျက်စိဖြင့် မမြင်မချင်း ရင်ထဲရှိ ရန်ငြှိုးက ပြီးဆုံးမည်မဟုတ်ပေ။ ကျောက်ဝမ်ရွှမ်က ဤကောင်လေး၏အငြှိုးတရားကို အဆုံးသတ်ပေးစေချင်သည်။

သောမတ်ကလည်း နားလည်သောကြောင့် မြေခွေးအသွင်ပြန်ပြောင်းလဲသွားသည့်ရှနဲလ်ကို ပွေ့ချီကာ သူ့ပုခုံးထက် တင်လိုက်ကာ ကျားမျိုးနွယ်စု အနောက်သို့ လိုက်သွားသည်။

ချင်းယွင်က တစ်လမ်းလုံးကြောက်လန့်နေပြီး သူက နတ်ဘုရား၏ရွေးချယ်ခံရသူဟု အော်ဟစ်ကာ ကြိမ်းမောင်းနေတော့သည်။ ရှနဲလ်ကတော့ ထိုနတ်ဘုရားဆိုသည့်သူကို အတော်ကို အံ့သြမိသည်။ သူက အဘယ်ကြောင့် ဤကဲ့သို့သော လောဘကြီးသည့်သူအား ရွေးချယ်သနည်း။ မသိလျှင် ဤသားရဲကမ္ဘာအား ဖျက်စီးရန် ကြံရွယ်နေသည့်ရည်ရွယ်ချက်ရှိနေသကဲ့သို့ပင်။ ကံကောင်းသည်က သားရဲနတ်ဘုရားက ထိုနတ်ဘုရားကိစ္စအား ဖြေရှင်းမည်ဖြစ်ပြီး သူကတော့ ချင်းယွင် သေဆုံးသွားမည်ကို စောင့်ကြည့်ရန်ဖြစ်သည်။

မဲလ်ဗန့်က ချင်းယွင်နှင့် အခြားပါဝင်သူများအား သားရဲနတ်ဘုရား၏ကျောက်တိုင်ရှိရာကို ပို့လိုက်ပြီး မကြာခင် ကျားမျိုးနွယ်စုများက သားရဲအသွင်ပြောင်းကာ ထိုသူများဆီ ပြေးဝင်သွားတော့သည်။ ဤမြင်ကွင်းက ရက်စက်သော်လည်း ရှနဲလ်က ချင်းယွင်သေဆုံးမှုကို မျက်တောင်မခတ် စိုက်ကြည့်နေလိုက်သည်။

မဲလ်ဗန့်က ကျားအသွင်ဖြင့် ချင်းယွင်ဆီ တစ်လှမ်းခြင်း လှမ်းသွားလျက် ချင်းယွင်က အော်ဟစ်ကာ တောင်းပန်၊ ငိုကြွေးနေသော်လည်း ကျား၏ရွှေဝါမျက်လုံးများက ရက်စက်မှုများ ပြည့်သိပ်နေပြီး ချင်းယွင်၏လည်ပင်းအား ကိုက်ချကာ သတ်လိုက်သည်။

ချင်းယွင်သေဆုံးပြီးနောက် ရှနဲလ်က သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ကို သိလိုက်ရသည်။ ဤကောင်လေးက တစ်ချိန်လုံး ချင်းယွင် မသေဆုံးမည်ကို စိုးရိမ်နေပုံရသည်။

Zhao Wen Xuan(System)Where stories live. Discover now