Arc.2.3(Fang Wen Jian)

24.6K 2.2K 85
                                    


Zawgyi

ဝမ်ကျန့် ဘက်ကို ဖြေးညင်းစွာ လျှောက်လာတဲ့ အမျိုးသားငယ်ကို တွေ့လိုက်ရသည် သူရဲ့ နဖူးတွေ ထင်းနေသော ကျူးရှားရစ် ကို ကြည့်ခြင်းအားဖြင့် ဒီကမ္ဘာက ဇာတ်လိုက်မ
လန်မေ့ရုံမှန်း သိသာနေပြီ၊

ဇာတ်လိုက်မဆိုတဲ့အတိုင်း အရာအားလုံး ပြည့်စုံနေပြီ ဘေးပတ်ဝန်းတွင်ပင် ဆွဲဆောင်နိုင်သော အရှိန်အဝါများဖြင့် ပြည့်နှပ်နေသည်။

လန်မေ့ရုံ သည် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏ အောက်ခြေနဲ့လက်ဖျားတွင် ဝင့်ဝါတင့်တယ်စွာ ထိုးယပ်ထားသော ရွှေရောင် ဂန္ဓာမာပန်းများလည်း တည်ရှိသည်၊ ထိုအရာကြောင့် လန်မေ့ရုံရဲ့ အလှဟာ ပိုမိုတိုးချင်သယောင်၊ သူရဲ့ အညိုရောင်ဆံပင်များကို အလည်ကနေ ခွဲကာ ဆံထုံးပြန်ထုံးထားခြင်းဟာ သူရဲ့ကျူးရှားရစ်ကို ပိုမို လှပပြီး တောက်ပစေသည်၊

ဖန်ဝမ်ကျန့် ရဲအလှဟာ လမင်းလို လှပရင် လန်မေ့ရုံ ရဲ့အလှဟာ နေမင်းလို လှပနေသည်၊ ဒါပေမယ့် လက်ရှိ
ဖန်ဝမ်ကျန့်ရဲ့ ပုံစံက မြင့်မြတ်ပြီးလှပတဲ့ ပုံသဏ္ဍာန်ဖြစ်သည်၊
"မေ့ရုံ ပါလား မင်းကို စောင့်နေတာ"

ဝမ်ကျန့် က မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးလေးကို တင်ကာ ပြောလိုက်သည်၊ ပထမက လန်မေ့ရုံ ကို ပိုးပန်းဖို့ကြိုးစားရင်း ပါလာသော သူများလဲ ထိုသာယာချိုအေးတဲ့အသံပိုင်ဆိုင်ကို ကြည့်ပြီး မထိန်းနိုင်တဲ့ လူတစ်ယောက်က
"ဘုရားရေ ငါ အခုမြင်နေရတာ နတ်သားလေးတပါးလား... "

ထိုလူရဲ့ စကားကို အခြားလူများလည်း တိတ်ဆိတ်စွာ ထောက်ခံနေကျသည်၊ သူတို့လည်း ထိုအမျိုးအသားလေးကို မြင်မြင်ချင်း ဒီလောကနဲ့မသက်ဆိုင်သော နတ်သားလေးတပါး ပန်းပွဲတော် လာရောက် ဆင်နွဲတယ်လို့ ထင်နေတာကိုး

လန်မေ့ရုံ ကတော့ သူအသံများကြောင့် သူရဲ့စိတ်အခြေအနေက ဆိုးဝါးလာသည်၊ ပထမက သူ ဖန် အိမ်တော်ကို သွားတော့ ဖန်ဝမ်ကျန့် က လှပစွာ ဝတ်စားဆင်ယင်ပြီး ထွက်သွားနှင့်ပြီလို့ ပြောတုန်းက သူ လှောင်ရယ်မိသည်၊ ဒီလို ဉာဏ်မရှိ သုံးစားမရတဲ့ အမှိုက်က စောစောစီးစီး ဝိုင်းအလှောင်ခံရတော့မယ်လို့ တွေးတောရင်း သူသာ သူတော်ကောင်းယောင်ဆောင်ပြီး ဝင်ကယ်ရင် သူရဲ့ ဂုဏ်က ပိုမို တတ်လာလိမ့်မယ်ပေါ့

Zhao Wen Xuan(System)Where stories live. Discover now