Arc.6.1(ရူနိုဆုကဲ တာဒါရှိ)

21.8K 2.2K 62
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးအမှားပါရင် ဖြည့်ဖတ်ပေးပါ(အပျင်းကြီးလို့ပါ)

Zawgyi

လူတိုင်းဟာ အခန်းထဲရှိ omegaအားတလှည့် တကိုယ်လုံး သွေးများနဲ့ဖုံးလွှမ်းနေသော Alphaအား တလှည့်ကြည့်ကာ နားလည်သွားတော့သည်၊သူတို့စိတ်ထဲတွင်လည်း Alphaပေါ် အံ့သြလေးစားသွားကျသည်၊ ဒီလို အခန်းကျဉ်းထဲမှာ Omegaတယောက်ရဲ့ Heatကို ဘယ်နှနာရီလောက် ထိန်းချုပ်ပြီးနေခဲ့ရလဲဆိုတာ Alphaရဲ့ကိုယ်ပေါ်က ဓားရာတွေကို ကြည့်ကာနဲ့ သိနိုင်သည်၊

ကျောက်ဝမ်ရွှမ် ဝင်ထားတဲ့ ခန္ဓာကိုယ်ဟာ Alphaတယောက်ရဲ့ ကိုယ်ဖြစ်တာကြောင့် သွေးအများကြီးဆုံးရှူံးသွားပေမယ့် ကုသမှုကို ခံယူပြီး နှစ်နာရီအကြာတွေ ပြန်နိုးလာတော့သည်၊ ကျောက်ဝမ်ရွှမ် ရင်းနှီးနေသော ဆေးရုံ မျက်နှာကျက်ကို ကြည့်ရင်း....Feelဖို့ပဲ ရှိသေးသည်၊ Skyရဲ့ကျီးကန်းသံ ဆိုးဆိုးကြီးဟာ. ..
[Sky:မှတ်ဥာဏ်တွေ ပေးပို့နေသည်]

သူရဲ့ ခေါင်းဟာ နာကျင်ကိုက်ခဲမှုနဲ့အတူ ဒီကမ္ဘာက မှတ်ဥာဏ်တွေ ဝင်ရောက်လာတော့သည်၊ဒီကမ္ဘာဟာ အမျိုးသားတွေပါ ကိုယ်ဝန်ဆောင်နိုင်တဲ့ ကမ္ဘာ(AU)ဖြစ်သည်၊ ဒီကမ္ဘာ(AU)တွေ Alpha, Beta ,omegaဆိုပြီး အမျိုးအစားသုံးမျိုးရှိတယ်၊
ဒီကမ္ဘာရဲ့ဇာတ်လိုက်ဟာ မုရာဆာကီ ခိနိုဆဲ ဖြစ်သည်၊ ခိနိုဆဲဟာ Dominate Alphaတယောက်အဖြစ်မွေးဖွားလာသူဖြစ်သည်၊ မင်ရန်နိုင်ငံဟာ အခြားနိုင်ငံတွေနဲတွေလို အစိုးရစနစ်အုပ်ချုပ်တဲ့နိုင်ငံမဟုတ်ပဲ တော်ဝင်မျိုးနွယ်များသာ အုပ်ချုပ်နိုင်ငံဖြစ်သည်၊ ခိနိုဆဲဟာ အိမ်ရှေ့စံအရာကို လျာထားခြင်းခံရတဲ့အထဲက ခေတ်စားတဲ့ မင်းသားတပါးလည်းဖြစ်သည်၊ သူဟာ သူရဲ့mateသေဆုံးပြီးနောက် စိတ်ဓာတ်ကျဆင်းနေချိန်တွင် သူကိုတဖက်သတ်ကြိုက်နေသော omegaလေးရဲ့ နစ်နာဖေးမမှု၊ ရိုးသားဖြူစင်တဲ့ပုံလေးတွေကို စတင်သတိထားမိရာမှ စတင်စိတ်ဝင်စားလာတော့သည်၊ နောက်ဆုံး သူကို လုပ်ကြံတဲ့သူရဲ့ ရန်ကနေ အသက်ပေးကာကွယ်တဲ့ omegaလေးကို သူဟာစိတ်ရောကိုယ်ပါ ချစ်မြတ်နိုးသွားတော့သည်၊သူတို့ဟာ တယောက်နဲ့တယောက် ချစ်သွားပြီး နောက်ဆုံး ကံကြမ္မာကပေးတဲ့mateဆိုတဲအရာ ဆန့်ကျင်ကျော်ဖြတ်ကျပြီး တသက်လုံး ပျော်ရွှင်စွာနေထိုင်သွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now