Arc.6.13(Shunosuke Tadashi)

16.9K 2.1K 76
                                    


Zawgyi

နောက်နေ့တွေမှာ သူအဖေရဲ့စကားကြောင့် Natsukiဟာ Kinoseကို မရရအောင် ပြန်ကပ်တော့သည်၊ သူဟာ သူ့သူငယ်ချင်းအချို့ကိုပင် Kinoseဟာ သူနဲ့ချစ်ကြိုက်နေကြောင်း ပြောတော့သည်၊ ဒီသတင်းဟာ တကျောင်းလုံး ပြန့်သွားပြီး အပြင်ထိပါ ပေါက်ကြားလာတော့သည်၊ မင်းသားဘက်ကလဲ မငြင်းတော့ အကုန်လုံးက အမှန်ထင်လာခြင်းဖြစ်သည်၊ အချို့ကတော့ မယုံကြည်ကျသေးပေ၊ ဘာလို့လဲဆိုတော့ မင်းသားဟာ ပထမနှစ်အဆောင်ကို သွားပေမယ့် Akihiko Natsuki တခါမှ လာလည်တာ မတွေရချေ၊ အမြဲ Shunosuke Tadashiနားက ကပ်နေကြောင်းတွေ့ရပြန်သည်၊

တနေ့ Natsukiဟာ Tadashiဆီသွားကာ

"ဟေး မင်းညီလာတယ် "

"အေး ကျေးဇူးပဲ"

"မလိုပါဘူး နိုင်ငံဂုဏ်ဆောင်ကြီးက ကျေးဇူးတော့တင်တတ်သားပဲ"

"ဟားဟား.... ဂုဏ်မဆောင်သေးပါဘူး မင်းကလဲ" Tadashiတို့ရဲ့ Basketball အသင်းဟာ တိုင်းအဆင့်မှာ ပထမရနေခဲ့ပြီး နောက်တလခန့်ဆို နိုင်ငံအဆင့်ယှဉ်ပြိုင်ရတော့မှာဖြစ်သည်၊ ဒါကြောင့် ကျောင်းတွေ Tadashiဟာလည်း နာမည်ကြီး စူပါစတားလိုပေ၊

သူဟာ ကျောင်းမှာအချိန်ပြည့်မရှိပေမယ့် Skyရဲ့တင်ပြချက်တွေကြောင့် အကုန်သိနေတာကိုး၊ သူကို လုပ်ကြံမဲ့အကြောင်းလဲ သိပြီးသားပဲ၊Tadashiဟာ အေးအေးဆေးဆေးပင် Natsukiကို သွားတွေ့ကာ

"ညီလေး ကိုကို့ကို ရှာတာ ဘာကိစ္စလဲ"

"ဟက် ကြာကူလီကောင် မင်း စီနီယာ Kinoseကို ပိုင်ပြီမထင်နဲ့ လိုရင်းပဲ ပြောမယ် ကျောင်းကပွဲကို မင်းလာဖြစ်အောင် လာခဲ့"လို့ ပြောကာ ထွက်သွားသော Natsukiကို ကြည့်ပြီး တချက်ပြုံးလိုက်ကာ....

"ဒါပေါ့ ဒါပေါ့ ငါကလဲ မင်းအတွက် လက်ဆောင်လေးတွေ ပြင်ဆင်ပေးထားတယ်လေ"

"Tada မင်းညီ ဘာလာပြောသွားတာလဲ ကြည့်ရတာ ရိုင်းတဲ့ပုံပဲ မင်းကိုကြည့်ပြီးပြောသွားပုံက...." သူ့သူငယ်ချင်းများဟာ ဝိုင်းလာကာ မေးကျတော့သည်၊ Tadashiရဲ မျက်နှာဟာ ညှိုးနွမ်းသွားပြီး.....သူဟာ အပြင်ဘက်ကို ငေးမောရင်း....

"မင်းတို့လဲ သိပါတယ် စီနီယာ Kinoseနဲ့ ငါ့ညီ တို့ကြားက ကောလဟာလကို"

Zhao Wen Xuan(System)Onde as histórias ganham vida. Descobre agora