Zawgyi
ပိုင်အန်းယုဟာ ချက်ချင်းထသွားကာ သူ့အစ်ကိုတော်ရဲ့ဒဏ်ရာတွေကို စစ်ဆေးချင်သော်လည်း စောင့်ကြည့်နေသည့်မျက်ဝန်းများကြောင့် အပြုံးချိုချိုလေးတစ်ခုသာ မျက်နှာအထက်တင်လိုက်ပြီး
"အစ်ကိုတော် သက်သာရဲ့လား "
"သက်သာပါတယ် မယ်မယ်" ထို စကားသာပြောပြီး ပြန်တိတ်ဆိတ်သွားတော့သည်၊အကုန်လုံးဟာလည်း ထိုကိုးရိုးကားရိုးလေထုကြောင့် အနေအထိုင်ခက်နေကြပြီး နောက်ဆုံး မိဖုရားကုချင်းချင်းသာ အလိုက်တသိဖြင့်
"စစ်သူကြီးပိုင်က ကောလဟာလအတိုင်း တကယ်ကိုငယ်ရွယ်တာပဲ ဒီမိဖုရားက စစ်သူကြီးပိုင်ကို ဟိုးထဲက လေးစားခဲ့ရတာ"လို့ တကယ့်ကို လေးစားသည့်မျက်ဝန်းများဖြင့် ပြောနေတာကြောင့် ပိုင်ကုဖန်းလည်း ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်
"မယ်မယ်ရဲ့ ချီးမြှောက်မှုကို မခံယူရဲပါဘူး ဒီစစ်သူကြီးထက် ထက်မြက်တဲ့သူတွေ ဒီလောကမှာ ရိုက်သတ်လို့မကုန်နိုင်အောင် ကျန်ရှိနေပါသေးတယ်"
ကုချင်းချင်းဟာ ခေါင်းတစ်ချက်သာ ညိတ်လိုက်ပြီး...
"စစ်သူကြီးပိုင်က ကိုယ့်ကိုယ်ကို နိမ့်ချလွန်းနေတာပဲ... " လို့ ပြောလိုက်တော့ ဘေးရှိ ကိုယ်လုပ်တော်ထဲကတစ်ယောက်ဟာလည်း
"ဒီကိုယ်လုပ်တော်ကြားဖူးတာ စစ်သူကြီးပိုင်က စစ်သည်တော် တစ်သောင်းနဲ့ ထန်တိုင်းပြည်ကို လာရောက်တိုက်ခိုက်တဲ့စစ်တပ်ကို နှိမ်နင်းခဲ့တယ်ဆို ဟုတ်လား?"လို့ မေးလိုက်တော့ ပိုင်အန်းယုဟာ ဂုဏ်ယူသည့်မျက်ဝန်းများဖြင့်
"စစ်သည်တော် ကိုးရာ့ကိုးဆယ့်ရှစ်ယောက်နဲ့ပါ... ရန်သူတွေ ညဘက်အနားယူသာ သတိ ဝီရိယလျော့နည်းချိန်မှာ အစ်ကိုတော်က ပိုင်စစ်သည်တော် ကိုးရာ့ကိုးဆယ့်ရှစ်ရာကို ခေါ်ဆောင်ပြီး ရန်သူ့ခေါင်းဆောင်ရဲ့ခေါင်းကို ရန်သူတွေရှေ့မှာပဲ ဖြတ်ခဲ့တာ အဲ့တုန်းက အစ်ကိုတော်က ဆယ့်လေးနှစ်ပဲ ရှိသေးတယ်... "လို့ ပြောနေသည့်သူမအသံဟာ ပိုင်ကုဖန်းပေါ် အရမ်းကိုလေးစားကာချစ်ခင်နေသည့်ပုံပေါ်ပေါက်နေသည်၊ မှန်သည် ပိုင်အန်းယုရဲ့အပြုံးလှလှလေးတွေ မြင်ရသည့်အချိန်ဟာ ပိုင်ကုဖန်းအကြောင်းကို ပြောနေသည့်အချိန်သာ၊ သူမရဲ့အစ်ကိုတော်ထက် တော်တဲ့သူတွေ၊ထက်မြက်တဲ့သူတွေရှိသည်ကို သူမသိသော်လည်း သူမအစ်ကိုတော် ပိုင်ကုဖန်းဟာ သူမရဲ့ကောင်းကင်ကြီးသာ ဖြစ်သည်၊
ANDA SEDANG MEMBACA
Zhao Wen Xuan(System)
CintaMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
