Arc-12.10(Little lover)

5.5K 534 83
                                    

Unicode

ဝမ်ချင်ရှန်ဟာ ကျော်ကြားခဲ့ပေမယ့် အထက်အရာရှိပိုင်းတွေ အာရုံစူးစိုက်ရတဲ့အထိမဟုတ်ဘဲ အရပ်သားတွေကြားသာ လွှမ်းမိုးနိုင်ခဲ့ခြင်းဖြစ်သည်၊ဒါကြောင့် သင်တန်းကျောင်းတွေ ဝမ်ချင်ရှန်နေ့ရက်တွေဟာ ပုံမှန်အတိုင်းသာဖြစ်သည်ဟု ဆိုရမှာပေါ့၊

'ဘယ်လိုလုပ် ပုံမှန်အတိုင်းဖြစ်ရမှာလဲ!!!' ဝမ်ချင်ရှန်ဟာ လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း အော်ဟစ်လိုက်ချင်မိသည်၊သင်တန်းကျောင်းမှာဆိုရင် အဓိကဇာတ်ကောင်ရဲ့စိတ်အာရုံကတစ်မျိုး၊လုရန်ဖုန်းက တစ်ဖုံ အမျိုးမျိုးကို စိတ်ဒုက္ခပေးခံနေရတော့သည်၊

လုရန်ဖုန်းကတော့ နားချိန်ရောက်သည်နှင့် ခွေးပေါက်ကြီးတစ်ကောင်လို ဝမ်ချင်ရှန်နားကပ်ကာ အမျိုးမျိုးကျီဆယ်နေပြီး ဒါဟာ ဝမ်ချင်ရှန်ကို ခေါင်းကိုက်စေသည်၊လုရန်ဖုန်းကလည်း သူ့ချစ်သူပေမယ့် သူဟာ တာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ကာ ကျဆုံးလို့မရပေ၊

ဒါပေမယ့် သူရဲ့ချစ်သူကို မလွန်ဆန်နိုင်တာကြောင့် သူမှာ သည်းခံရုံသာတတ်နိုင်တော့သည်၊ဒါဟာ လုယွင်ချင်းကို မနာလိုဖြစ်စေတာ အမှန်ပေ၊ လုရန်ဖုန်းနဲ့လုယွင်ချင်းဟာ တော်ဝင်ထန်ရာလ်များဖြစ်ကျပေမယ့် သူတို့ဟာ တည့်လှသည်တော့မဟုတ်ပေ၊လုရန်ဖုန်းဟာ လုယွင်ချင်းကိုအေးစက်စွာဆက်ဆံပြီး သူဟာ သူရဲ့မကြိုက်နှစ်သက်မှုကို ဟန်ပင်မဆောင်ထားပေ၊ တစ်ဖက်မှာတော့ လုယွင်ချင်းဟာ သူရဲ့အဖေတူ မအေကွဲအစ်ကိုဆီကနေ ဂရုစိုက်တာခံချင်သူဖြစ်သည်၊

သူရဲ့အစ်ကိုဟာ အခြားသူတွေပေါ်လည်း အေးစက်တာကြောင့် သူ့အပေါ်အေးစက်သည်ကိုလည်း လုယွင်ချင်းဟာ လက်ခံနိုင်ခဲ့သော်လည်း ဝမ်ချင်ရှန်ပေါ်မှာ နွေးနွေးထွေးထွေးဆက်ဆံသည်ကိုမြင်တော့ သူရဲ့နှလုံးသားဟာ လက်မခံနိုင်တော့ပေ၊ဒါအပြင် သူတစ်ဖက်သတ်သဘောကျနေတဲ့တော်ဝင်ကျစ်ယန်မင်းသား ထျန်းထိုက်ယန်ဟာလည်း ဝမ်ချင်ရှန်အပေါ် ဂရုစိုက်ပြီး နေ့တိုင်းလာလာကြည့်သည်၊

ဒါဟာ အမြဲတမ်း အခြားသူတွေထက် ပိုပြီးအလေးပေးခံရတဲ့လုယွင်ချင်းဟာ ဝမ်ချင်ရှန်ကြောင့် စတင်ရှူံးနိမ့်လာသလိုခံစားစေရပြီး ထိုအရာကို လက်မခံနိုင်ဖြစ်နေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now