Arc.1.12(ဖန်ယင်ယွဲ့ဘဝ)

24K 2.1K 31
                                    

Zawgyi

"တယော"

ဖန်ယင်ယွဲ့ကို အန္တရာယ်ဖြစ်အောင် လုပ်မဲ့သူက ဝမ်မို့ရီက လွဲ၍ ဘယ်သူမှ ရှိမည်မဟုတ်​ပေ၊ ပြီးတော့ ဝမ်မို့ရီက ဖန်ယင်ယွဲ့အား ဘာလို့ တယောအား အသည်းသန် ရွေးချယ်စေချင်တာလဲ.... မျက်နှာပျက်ယွင်းနေပြီး ဖြူဖျော့​ဖြူရော်ဖြစ်နေသည့် ဝမ်မို့ရီကို ကြည့်ရင်း ကျန်းကျန့်သိုက်ရဲ့ စိတ်ထဲရှိ သံသယများသည် ပိုမိုခိုင်မြဲလာတော့သည်၊

"ဒီကိစ္စက တယောနဲ့ ပတ်သတ်နေတယ် "လို့ကျန်းကျန်သိုက်က ပြောလိုက်တော့ ဝမ်မို့ရီအမူအရာဟာ ကြောက်လန့်တကြားဖြစ်သွားကာ ကျန်းကျန့်သိုက်အား ထိတ်လန့်စွာကြည့်လိုက်မိသည်၊

ပါတီတက်ရောက်လာသည့် လူတိုင်းဟာ ဘာကြောင့် တယောနဲ့ ပတ်သတ်နေတာလဲဆိုတာကို စဉ်းစားနေတော့သည်၊ ထိုတယောကို အရှေ့မှာ တခြားသူတွေ တီးခတ်သွားသည်ကိုလည်း မမြင်လိုက်ပေ၊တစ်စုံတစ်ယောက်က တီးခတ်သွားရင်တောင် ထိုကာလသည့်တယောကို လူတိုင်းမှတ်မိလွယ်မှာသေချာသည်၊

ဒါ​ပေမယ့်​ ထိုသက်​သေခံတယောမှာ ဖန်ယင်ယွဲ့ ဖျော်ဖြေမည့် အလှည့်ရောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်ကို တယောပညာရှင်လူငယ်များက သတိထားမိတော့သည်၊ မဟုတ်ရင် အစထဲကတွေ့ရင် သူတို့ ရွေးချယ်မိမှာပဲ ထိုတယောက ရိုးရှင်းသော အဖြူရောင်ပေမယ့် တချက်ကြည့်ရုံနဲ့ အလွန်လှပကြောင်း သိသာသည်၊ဒါဆို အစထဲက တစ်ယောက်ယောက်က ဖန်ယင်ယွဲ့ကို အကွက်ချ စီစဉ်ခဲ့တာပေါ့၊

မကြာသေးခင်က တယောကို မရွေးချယ်လို့ ဖန်ယင်ယွဲ့အား တွန်းချခဲ့သော ဝမ်မို့ရီသည် ဖန်ယင်ယွဲ့ကို အဆိပ်ခပ်သူ ဖြစ်နိုင်ချေ ရှိသည်ကို တွေးရင်း ရိပ်မိသော လူများက ဝမ်မိုရီအားကြည့်၍ တိုးတိုးနဲ့ ဖြစ်နိုင်သမျှကို ပြောနေကျတော့သည်။ အခြားသူများလဲ ထိုစကားသံများက ဝမ်မို့ရီပေါ် သံသယဝင်လာတော့သည်၊

အခြေအနေမဟန်တော့တဲ့ ဝမ်မို့ရီ မိမိ အပြစ်လွတ်ရန် စဉ်းစားတွေးတောနေရင်း ဖန်တုန်အား အကူညီရမလားလို့ မျှော်လင့်ချက်များနဲ့ ကြည့်ရှုလေတော့သည်၊ဖန်တုန်လည်း ဝမ်မို့ရီအား စိတ်ငြိမ်ငြိမ်ထားရန် အမူအရာလုပ်ပြပြီးနောက်မှာ ကျန်းကျန့်သိုက်ဘက်ကို လှည့်ကာ

Zhao Wen Xuan(System)Where stories live. Discover now