Arc-10.8(စစ်သူကြီးပိုင်ကုဖန်း)

10.8K 1.5K 145
                                    


Zawgyi

ပိုင်ကုဖန်း အတွေးများနဲ့နစ်မျောနေတုန်း တစ်ယောက်ယောက်ဝင်လာသံကြားပေမယ့် သူခန္ဓာကိုယ်ဟာ သိပ်မလှုပ်နိုင်ချေ၊လည်ချောင်းများဟာလည်း ခြောက်သွေ့နေတာကြောင့်... အသံလည်းသိပ်မထွက်နိုင်ချေ၊ ထိုချိန်မှာ အနည်းငယ်ဝမ်းသာသံပေါက်နေသည့် ယောကျာ်းတစ်ယောက်အသံကို သူကြားလိုက်ရသည်၊

"မင်း နိုးလာပြီလား" စကားပြောပုံဟာ ပုံမှန်ပေမယ့် ထိုစကားပြောရဖို့အတွက် ဘယ်လောက်တောင် စောင့်ခဲ့ရလည်းဆိုတာ တစ်ဖက်လူသာအသိဆုံးဖြစ်သည်၊

ပိုင်ကုဖန်းဟာ ခေါင်းအနည်းငယ်စောင်းလိုက်ပြီး အသံလာရာကိုကြည့်လိုက်တော့ ရွှေရောင်နဂါးကနုတ်ထိုးထားသည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် မင်ရန်ဟောက်ကို တွေ့လိုက်ရတော့ ချက်ချင်းထရန်ပြင်လိုက်ပေမယ့် တလလောက်နီးပါး ဆေးရည်နဲ့သာ ဖြည့်သွင်းထားသောခန္ဓာကိုယ်ဟာ အားအင်အပြည့်အဝမရှိတာကြောင့် ပြန်လည်လဲကျသွားတော့သည်၊ ပိုင်ကုဖန်းဟာ မင်ရန်ဟောက်ဘက်ကိုကြည့်လိုက်ပြီး

"ဘုရင်မင်းမြတ်ကို...ဂါဝရမပြုနိုင်တာ ကျုပ်ကို...ခွင့်လွှတ်ပါ" လို့ အားယူပြောလိုက်ပေမယ့် မျက်ဝန်းများဟာ အသနားခံမှုများ မပါဝင်ချေ၊ဒါ ဘုရင်တစ်ယောက်ကိုတွေ့ရင် ဂါဝရပြုရမည့် ဘုရင်တစ်ပါးနဲ့အမှုထမ်းကြားက ဆက်ဆံရေးလိုပင်၊

မင်ရန်ဟောက်ဟာ တချက်သာ ပြုံးလိုက်ပြီး စားပွဲခုံပေါ်ရှိ ရေခရားကိုယူကာ ကျောက်စိမ်းခွက်ထဲကို ရေငှဲ့လိုက်ပြီး ခွက်ကို ယူဆောင်ကာ ပိုင်ကုဖန်းဆီ ကမ်းပေးလိုက်ပေမယ့်... အလှမ်းဝေးတာကြောင့် ပိုင်ကုဖန်းရဲ့မျက်ခုံးများဟာအနည်းငယ်ကြုတ်သွားပေမယ့် အားယူပြီး သူရဲ့ကိုယ့်ကိုအနည်းငယ်ထူကာ လှမ်းယူလိုက်ပေမယ့် မမှီပေ၊

'ဒီဘုရင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ?? အဝေးကြီးကနေလှမ်းပေးတာ ဘာသဘောလဲ? 'လို့ မကျေမနပ်တွေးနေပေမယ့် အကူညီတောင်းခြင်းမရှိဘဲ ရအောင်ယူရန်ကြိုးစားလိုက်ပေမယ့် သူခွက်ကိုထိခါနီးမှာ ခွက်ဟာကြမ်းပြင်ပေါ်ကိုကျကာ... ကွဲသွားတော့သည်၊

'ဒါတမင်သက်သက်လုပ်သွားတာပဲ ငါ့ကို တော်တော်ပြစ်ဒဏ်ပေးချင်နေပုံရတယ်'

Zhao Wen Xuan(System)Where stories live. Discover now