Arc-12.15(My little lover)

1.1K 173 11
                                    

Zawgyi

"သူတစ်ပါးကို ဝေဖန်ရတာက ငါကျိုးနဉ်စတိုင်ရဲ့မဟုတ်ပေမယ့် မင်းသားလုယွင်ချင်းကို သဘောမတွေ့ဘူး"

ကျိုးနဉ်က ဝမ်ချင်ရှန်ကို ပြောလိုက်တော့ ဝမ်ချင်ရှန်က စိတ်ရှပ်ထွေးသွားတဲ့အမူအရာဖြင့်

"သူက ထန်ရာလ်မျိုးနွယ်ကဆိုတော့...အဲလိုမျိုး"

"သူက နတ်ဘုရားမှ မဟုတ်တာ...မင်းကိုက ရိုးသားလွန်းတယ် ငါတို့အကုန်လုံးက လူသားသွေးရောနှောနေတာကြောင့် လူသားတွေမှာရှိတဲ့လောဘ၊ဒေါသ၊မောဟတွေကို ပိုင်ဆိုင်ထားတာပဲ အဲဆိုရင် မိုဟွာမျိုးနွယ်စုဆိုရင် နတ်ဆိုးသွေးကိုပိုင်ဆိုင်ထားတာပဲတွေ သူတို့တွေက ယုတ်မာပက်စက်နေလို့လား"

ကျိုးနဉ်စကားကို ဝမ်ချင်ရှန်က ခေါင်းခါလိုက်ပြီး "မဖြစ်ပါဘူး အစ်ကိုကျန်းလော့ဆို ငါ့အပေါ်သဘောကောင်းတယ်" လို့ဖြေလိုက်သည်၊ကျန်းလော့ပင်မက နတ်ဆိုးမျိုးနွယ်ကလူအများစုကဘသဘောကောင်းကြသည်၊

ကျိုးနဉ်က ပြုံးလိုက်ပြီး ဆက်မေးလိုက်သည်၊

"ငါတို့ကျစ်ယန်မျိုးနွယ်က ရက်စက်ပြီးရိုင်းစိုင်းတဲ့သားရဲတွေသွေးကိုပိုင်ဆိုင်ထားပေမယ့် ငါတို့တွေက ရက်စက်နေလား"

"မရက်စက်ပါဘူး..." ယန်ကောဆိုရင် သူ့အားအစအဆုံးကူညီပေးသေးသည်၊ပြီးတော့ ကျိုးနဉ်ဆိုလည်း သူ့အားစိတ်ရင်းဖြင့် ခင်မင်ပေးတယ်လေ၊

"အဲတာကြောင့် သူတို့က နတ်ဘုရားသွေးပါပေမယ့် လူကောင်းလို့သတ်မှတ်လို့မရဘူး မင်းတို့ မန်မျိုးနွယ်ကို အများဆုံးသတ်ဖြတ်တာ ဘယ်မျိုးနွယ်ကလို့ထင်လဲ " ကျိုးနဉ်စကားကို ဝမ်ချင်ရှန်ကနားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လိုက်သည်၊ကျိုးနဉ်က သက်ပြင်းချကာ ဝမ်ချင်ရှန်ရဲ့နဖူးကို တောက်လိုက်ပြီးနောက်မှာ

"မင်းက ဖြူစင်လွန်းတာကိုး..."

"မန်မျိုးနွယ်စုရဲ့နှလုံးကို စားရင် သေခါနီးလူတောင် တန်းပြီးတော့လူကောင်းဖြစ်တယ်လေ...လုယွင်ချင်းက မွေးထဲကအားနည်းနေတာ နှစ်ပေါင်းလေးဆယ်ကျော်ထိ လူသူရှေ့တောင် ထွက်မလာဘူးလေ...ပြီးတော့ ပထမဆုံးရက်ကိုမှတ်မိတယ်မလား...သူက နတ်ဘုရားမျက်စိကိုအသုံးပြုခဲ့တာလေ..."

Zhao Wen Xuan(System)Donde viven las historias. Descúbrelo ahora