Arc.5.6(အီသန် ဆီရိမစ်လ်)

17.1K 2.2K 94
                                    



ဒီနေ့ ထပ်တင်ပေးလိုက်လို့ စိတ်တော့မဆိုးကျပါနဲ့နော် အရမ်းကို တင်ချင်နေလို့ပါ😂😂😂
ထုံးစံအတိုင်း စာအရေးအသား မသေသပ်ရင် တောင်းပန်ပါတယ် စာလုံးပေါင်း ပြန်မစစ်ရသေးတာကြောင့် အမှားပါရင် ဖြည့်ဖတ်ပေးပါ(စာရေးဆရာရဲ့အပျင်းကိုသိတရ်မလား)

Zawgyi

နောက်တနေ့ အီသန်ဟာ တမင် နောက်ကျပြီးမှ ရောက်လာတော့သည်၊ သေချာတာပေါ့ ကိုင်လန်ဟာ အီသန်ပြောထားတဲ့အချက်တွေကို သူသိတဲ့ပုံစံနဲ့ပြော ပြီးပြီ ဖြစ်သည်၊ ဒါကြောင့် ကိုင်လန်ဟာ အခုလောလောဆယ် လူအထင်ကြီး ခံနေရခြင်းဖြစ်သည်၊ ကိုင်လန်ဟာ အီသန်ရောက်လာတော့ ထိပ်ထိပ်ပျာပျာဖြစ်သွားပေမယ့် အီသန်ဟာ အေးဆေးစွာဖြင့် ချီးကျူးလိုက်ပြီး ကိုင်လန်ကို အဆင့် 3 အကြီးအကဲ ရာထူး တိုက်ရိုက် အပ်နှင်းလိုက်သည်၊ ရှာဖွေ တွေ့ရှိတဲ့ ထောက်လှမ်းရေးကိုလည်း ထောက်လှမ်းရေးအဖွဲ့ရဲ့ ဒုအဖွဲ့မှူးနေရာ အပ်နှင်းလိုက်သည်၊ အီသန်ဟာ မီတာ 200 ရှိတဲ့ သူဘာသာ လျှောက်နာမည်ပေးထားတဲ့ ဖြူပွေ့ကျောက်အား တဝက်ကို 16နိုင်ငံကို ဝေမျှလိုက်ပြီး ကျန်တဝက်ကို သူတို့ဌာနက သိမ်းလိုက်သည်၊ အချို့ဘုရင်မင်းမြတ်တွေဟာ အီသန်ထက် ကိုင်လန်ကို ပိုကျေးဇူးတင်နေကျတော့သည်၊ဂီနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကတော့ ကြွမလာပေ၊သူအစား ဂီနိုင်ငံ ဘုရင်ရဲ့ညီတော် အိမ်ရှေ့စံမင်သားသာ ကြွရောက်လာတော့သည်၊ ဂီအိမ်ရှေ့စံဟာ အီသန်အားကျေးဇူးတင်လိုက်ပေမယ့် ကိုင်လန်ကိုတော့ အဖက်မလုပ်ပေ၊ သူဟာ ကိုင်လန်ရဲ့ဗဟုသုတကြွယ်ဝမှုကို လက်ခံပေမယ့် အောက်ခြေလွတ်နေပြီး ကိုယ်နေရာ ကိုယ်မသိတတ်တဲ့ လူတွေကို မနှစ်မြို့ပင်၊

ထိုအချိန်ကစပြီး ကိုင်လန်ရဲ့ဗဟုသုတကြွယ်ဝမှုတွေဟာ 16နိုင်ငံလုံးမှာ ကျော်ကြားလာတော့သည်၊ လူအများက သူကို စွယ်စုံဗဟုသုတ အိုးကြီးလို့ ခေါ်ဝေါ်ကျတော့သည်၊ အောက်ခြေလွတ်နေပြီ ဖြစ်တဲ့ ကိုင်လန်အား ကြည့်ရင်း အီသန်ဟာ လှောင်ပြောင်ရယ်မောနေတော့သည်၊ ဝမ်းနဲ့တူးဟာ ဒီအကြောင်းတွေကို သိသည်၊ သူတို့ဟာ သတ္ထုကျောရဲ့ အကြောင်းကို သိပေမယ့် သူတို့အရှင်ဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ကို နုတ်ပိတ်ထားသည်၊ ဖြူပွေ့ကျောက်??? ဒီမဲနက်မာကျောနေတဲ့ သတ္ထုကို ဘယ်လို စိတ်မျိုးနဲ့ ဖြူပွေ့ကျောက်လို့ ကိုင်လန် ပေးလည်း တကယ် အံ့အောမိသည်၊ သူတို့အရှင်သည် ကိုင်လန်အား ဂျင်းလှလှလေးကျွေးခဲ့သည်ကို သူတို့ဟာ မသိချေ၊ တကယ့်နာမည်အစစ်ဟာ သတ္ထုနက်ဖြစ်ပြီး ဒီသတ္ထုဟာ လက်နက်ပြုလုပ်ရာတွင်ပဲ အသုံးဝင်သည်၊ သတ္ထုနက်နဲ့ ပြုလုပ်တဲ့ လက်နက်တွေဟာ ကျောက်တုံးကို တုံပူး လှီးသလို အလွယ်တကူ လှီးဖြတ်နိုင်သလို မှော်တုတ် ပြုလုပ်ရာတွေလည်း အသုံးဝင်သည်၊ ရှင်းရှင်းပြောရရင် ဒီသတ္ထုက ဘာရတနာကျောက်မှ မဟုတ်ပေ၊ ရတနာအဖြစ်လည်း လုံးဝအသုံးပြုလို့မရပေ၊ဒါဟာ သူအရှင် ပြောထားသောကြောင့် သူတို့သိနေခြင်းဖြစ်သည်၊ ဒါကို သူကိုယ်သူ တကယ့် စွယ်စုံကြီးလို ဌာနထဲ မြောက်ကြွမြောက်ကြွဖြစ်နေသော ကိုင်လန်အား စိတ်တောင်ပျက်လာသည်၊

Zhao Wen Xuan(System)Where stories live. Discover now