Arc.4.13(End)

21.1K 2.1K 45
                                        


စာလုံးပေါင်း ပြန်မစစ်ရသေးတာကြောင့် အမှားပါရင် တောင်းပန်ပါတယ်

Zawgyi

ဆံပင်အနက်ရောင်လေး မျက်လုံးအနက်ရောင်နဲ့ နတ်သူငယ်လေး ထွက်ပေါ်လာပြီး...

မင်းညီမင်းသားတွေ နူတ်ဆက်သလို နူတ်ဆက်လိုက်တာ

[Black:စီစဉ်သူကျောက်ဝမ်ရွှမ် ကျွန်တော်က စီစဉ်သူကျန်းရဲ့တွဲဖက်နတ်သူငယ် Blackပါ]

Black ဒီနာမည်ကို skyပါးစပ်ထဲ ခဏခဏကြားဖူးသည်၊...ဘာပါလိမ့်...သြော် ရေခဲတုံးချစ်တီကုလားဆိုတဲ့တယောက်လား.....

'သူက ဒီကို ဘယ်လုပ်ရောက်လာတာလဲ'
'Skyကကော ဘယ်ရောက်နေတာလဲ'
'နေဦး သူက သိုက်ရဲ့ တွဲဖက်ဆိုတော့....သိုက် တခုခု ဖြစ်လို့များလား'

[Black: Sky အန္တရာယ်ရှိနေပြီ]

'ဘယ်လို... သူက ငါစိတ်ကို ဖတ်လို့ရတယ်!! သူက ငါ့တွဲဖက်မဟုတ်တာတောင်'

[Black: ကြားလား ဒီကမ္ဘာကနေ ထွက်သွားတော့]

"အမ် မင်း ပြောချင်တာ....ဒါပေမယ့် misson ကိစ္စကကော???"
'မအောင်မြင်ရင် သိုက်ရဲ့ အပိုင်းအစတွေ ရမှာမဟုတ်ဘူးလေ'

[Black:မင်း အောင်ပြီးပြီ ဒီကမ္ဘာက မင်းလုပ်ခဲ့တဲ့အတိုင်း ဆက်သွားနေလိမ့်မယ်]

"ကောင်းပြီ... ငါဒီကမ္ဘာက ထွက်သွားဖို့က ငါသေမှလား"

Blackဟာ နီလာရောင် ကျောက်တုံးလေးကို ထုတ်လိုက်ပြီး လီဂျင်မြောင် နုဖူးထဲ ထည့်လိုက်သည်

[Black : ဒီကျောက်တုံးက သူဘာသာ သူ ဒီကမ္ဘာကို မင်းပုံစံအတိုင်း ဆက်သွားလိမ့်မယ် စိတ်မပူနဲ့ လိုက်ခဲ့တော့]

"ခဏ...."
*ဝုန်း*

အဖြူရောင် အလင်းချောင်းကြီး ထွက်လာပြီး လီဂျင်မြောင်ကိုယ်ထဲက ကျောက်ဝမ်ရွှမ် ဝိညာဉ်ကို ပြန်ဆွဲခေါ်သွားတော့သည်၊
သေချာတာပေါ့၊ blackဆိုတဲ့ နတ်သူငယ်က ဘာအကြောင်းပြချက်မှ စိတ်မဝင်စားတဲ့အပြင် ကျောက်ဝမ်ရွှမ်စကားကိုလည်း ပြီးဆုံးအောင် နားထောင်ဖို့ စိတ်မဝင်စားချေ၊

Zhao Wen Xuan(System)Where stories live. Discover now