Zawgyi
မစ်လ်ဟာ နက်စ်တို့ကို ချုပ်ထားသည့် အကျဉ်းထောင်ဆီ ရောက်လာပြီး
အခြေအနေကို အကဲခတ်လိုက်တော့... အထဲတွင် နက်စ်တို့ကို စောင့်ကြပ်နေသည့် စစ်သား ငါးယောက်သာရှိပြီး နက်စ်တို့ဟာလည်း ကြီးကြီးမားမားဒဏ်ရာရထားခြင်းမရှိသော်လည်း ကြမ်းပြင်ပေါ်တွင် စိတ်အားပျက်စွာ ထိုင်နေကျသည်
မစ်လ်ဟာ Skyဆီက ဝယ်လိုက်သည့် မေ့ဆေးအပ်တွေကို အပေါက်တွေကြားထဲကနေ ထိုစစ်သားငါးယောက်ဆီ ပစ်လိုက်သည်၊စက္ကန့်အနည်းငယ်ကြာတော့ စစ်သားငါးယောက်လုံးဟာတစ်ယောက်ပြီးတစ်ယောက် မြေပေါ်လဲကျသွားတော့သည်၊
[Sky: ဒီနားပတ်ဝန်းကျင် နာရီလက်တံ ၅ မှာ စစ်သား ခုနှစ်ရှိတယ်... မင်း မြန်မြန်နဲ့တိုးတိုးတိတ်တိတ်လုပ်]
'အေး 'လို့ ပြောလိုက်ပြီး... အကျဉ်းထောင်ထဲကို မစ်လ်ဝင်လာခဲ့သည်၊သူရဲ့မေ့ဆေးအပ်များကြောင့် မေ့မျောနေသည့် စစ်သားတွေကို တတတ်နင်းကျော်ဖွလာပြီး... သံတိုင်တွေနောက်မှာ မျှော်လင့်ချက်မဲ့စွာ ထိုင်နေသော နက်စ်တို့အဖွဲ့ကိုတွေ့တော့ မစ်လ် စိုးရိမ်တကြီးပြေးသွားပြီး
"နက်စ်... သူငယ်ချင်းတို့" လို့ တိုးတိုးတိတ်တိတ်ခေါ်လိုက်ပေမယ့် တစ်ယောက်မှ မော့မကြည့်လာချေ၊
မနက်ဖြန်သူတို့ ခေါင်းဖြတ်သတ်ခံရပြီပဲ နက်စ် သူသေမှာမကြောက်ပေမယ့် သူရဲ့မိတ်ဆွေတွေပါ သူနဲ့အတူ ဒုက္ခရမည်ကိုတွေးမိတော့ ရင်ထဲမှာနောင်တတွေလည်းရသလို အဲ့မရာဒီရယ်ဆိုတဲ့ကောင်ကို မုန်းတီးမိသည်၊ မုန်းတီးမိလည်း ဘာလုပ်ရမှာလဲ အင်အားလည်းမရှိ၊နောက်ခံလည်းမရှိတဲ့အပြင် သူရဲ့ဘဝက မနက်ဖြန်ပဲ သေရတော့မယ်လေ...
"နက်စ်..." အာ ဘာလို့ မစ်လ်ရဲ့အသံကို ကြားနေရတာလဲ? မစ်လ်လည်း အဆင်ပြေရဲ့လား မသိဘူး၊ဟိုမကောင်းတဲ့ vampire ကောင်ရဲ့လက်ထဲမှာ အနိုင်ကျင့်ခံနေရမလား...၊ နက်စ် သူရဲ့စိတ်မှာ သိနေသည်၊ထိုနေ့က Vampireဟာ မစ်လ်ပေါ် တကယ်မေတ္တာသက်ဝင်နေတယ်ဆိုတာကိုပေါ့! မစ်လ်ကို ကြည့်နေတဲ့သူ့အကြည့်တွေဟာ မြတ်နိုးခြင်းများနဲ့ပြည့်သိပ်နေတဲ့ အချစ်မျက်ဝန်းများဖြစ်သည်၊ မစ်လ် မင်းကို သူအဆုံးထိစောင့်ရှောက်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်ကွာ...တကယ်လို့ အခွင့်အရေးရခဲ့ရင် ငါ့ရဲ့ခံစားချက်တွေကို မင်းကို ဖွင့်ဟချင်သေးတယ်
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
