Arc.9.10(My wife doesn't love me)

12.4K 1.7K 78
                                    


Zawgyi

ပိုင်ရန်ရှင်းတစ်ယောက် ထုံးစံအတိုင်း ဒီခန္ဓာကိုယ်ရဲ့အကျင့်အတိုင်း မနက်အစောကြီးနိုးလာကာ မနက်စာပြင်ဆင်ပေးရန် အောက်ထပ်ကိုဆင်းလာတော့သည်၊ဒါပေမယ့် သူထမင်းစားခန်းကို မဝင်ခင် သင်းပျံ့မွှေးကြိုင်တဲ့ ကော်ဖီနံ့သင်းသင်းလေးဟာ သူရဲ့နှာခေါင်းကို လာရောက်ကျီဆယ်တာကြောင့် ကော်ဖီနှစ်သက်သည့် ပိုင်ရန်ရှင်းတစ်ယောက်ဟာ အိနြေ္ဒပင်မဆည်နိုင်တော့ဘဲ ထမင်းစားခန်းကို ဝင်လာတော့သည်၊

သူဟာ ပထမဟာ ဒီလိုသာယာတဲ့မနက်ခင်းမှာ ကော်ဖီသင်းသင်းလေးကိုသောက်ချင်စိတ် အရမ်းပြင်းပြခဲ့တာ...သူရှေ့ရှိ အရပ်ထောင်ထောင်မားမားနဲ့ယောကျာ်းအလွန်ပီသတဲ့အမျိုးသားတစ်ယောက်ဟာ Apron(မီးဖိုချောင်သုံး ခါးစည်းအဝတ်) ဝတ်ပြီး ကော်ဖီငှဲ့နေတာ မမြင်သေးသည့်အချိန်ထိပေါ့၊

မှန်သည်၊ ပိုင်လီရှန့်ဟာ သူရဲ့ချစ်ဇနီးလေး သူ့အပေါ်အကောင်းမြင်တတ်စေရန် သူ့ချစ်ဇနီးကြိုက်နှစ်သက်တဲ့ ကော်ဖီအရသာကိုပင် အကောင်းဆုံးရစေရန် ပြင်သစ်ကော်ဖီကိုပင် ညသုံးနာရီကြီး သူငယ်ချင်းအိမ်ရှေ့ သွားရောက်သောင်းကျန်းကာ ယူလာချင်းဖြစ်သည်၊ ထိုအပြင် Greentea cakeကိုလည်း အကောင်းဆုံး မုန့်ဖုတ်ဆရာကို ပိုင်အိမ်တော်ခေါ်လာကာ သူချစ်ဇနီးလေးအရသာနဲ့ကွက်တိဖြစ်အောင် သုံးနာရီကျော်လောက်ထိ ပြင်ဆင်ခဲ့ရသေးသည်၊

"ချစ်ဇနီးလေး နိုးပြီလား လာ ထိုင်လေ"လို့ ထမင်းစားခန်းဝင်လာသည့် သူချစ်ရသူလေးဟာ အိပ်ချင်မူးတူးလေးနဲ့သူ့ကို ပြူးကြောင်ကြောင်နဲ့ ကြည့်နေပုံလေးက အလွန့်ကိုအသည်းတယားဖွယ်၊ပိုင်လီရှန့်ရဲ့မျက်ဝန်းများဟာ ချစ်ရိပ်များနဲ့ ပြည့်သိပ်သွားပြီး နူတ်ခမ်းများပေါ်ပင် အလွန်နှစ်လိုဖွယ်ကောင်းသည့် အပြုံးတင်ထားကာ ... ပိုင်ရန်ရှင်း ပခုံးလေးကနေကိုင်ကာ ထိုင်ခုံပေါ်ကို ထိုင်ခိုင်းလိုက်ပြီး... သူပါ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး...

"ချစ်ဇနီးလေး ကြိုက်မဲ့အရသာရှိတဲ့ မနက်စာကို ကိုယ်ပြင်ဆင်ပေးထားတာ "လို့ ပြောလိုက်ရင်း ငှဲ့ထားသောကော်ဖီကို ပိုင်ရန်ရှင်းရှေ့ကို ချလိုက်ကာ Greentea cake ကိုလည်း အရှေ့ကိုကမ်းပေးလိုက်သည်၊ပိုင်ရန်ရှင်းကတော့ ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး... သူရှေ့ရှိ ကိတ်ကိုကြည့်လိုက်ပြီး...

Zhao Wen Xuan(System)Where stories live. Discover now