Arc.7.11(နတ်ဆိုးဘုရင် အက်တာ)

14.8K 2K 47
                                    


Zawgyi

အက်တာ ဂိမ်းထဲကထွက်လာတော့ ကုတင်ပေါ်ရောက်နေတာ သတိထားမိလိုက်သည်၊သူရဲ့ခန္ဓာကိုယ်မှာလည်း ဆေးသွင်းထားတဲ့ကြိုးတွေနဲ့ ကြည့်ရတာ ဒီခန္ဓာကိုယ်ကို ဆေးတွေနဲ့ထိန်းပေးထားပုံရတယ်၊သူဟာ ငုတ်တုတ်ထိုင်လိုက်ပြီး သူကိုယ်ပေါ်က ကြိုးတွေကိုဖြုတ်လိုက်တော့ တီ...တီ...တီဆိုတဲ့အချက်ပေးသံဖြင့် ညံသွားတော့သည်၊၁မိနစ်ကြာတော့ ဆရာဝန်တွေသူနာပြုတွေအပြင် မျက်နှာချောင်ပြီးပိန်ကပ်နေတဲ့အမျိုးသမီးကြီးပါ ဝင်လာသည်၊သူတို့က ဝမ်ရှန်ဖုန်းဟာ ထထိုင်နေတာမြင်တော့ ပျော်ရွှင်သွားပြီး ဆရာဝန်ကြီးဟာ ဝမ်ရှန့်ဖုန်းကို စစ်ဆေးကြည့်လိုက်သည်၊

"ထင်တဲ့အတိုင်းပဲ ထိုဂိမ်းထဲမှာပိတ်မိနေတဲ့သူတွေအားလုံး တယောက်နဲ့ပြန်သတိဝင်လာကျတဲ့အပြင် ဘာထိခိုက်မှုမှာလဲ ဖြစ်မလာဘူး ဒါကြောင့် မစ္စတာ ဝမ်လည်းမစိုးရိမ်ပါနဲ့တော့"

"သားလေး..."အမျိုးသမီးကြီးဟာ မျက်ရည်တွေနဲ့ သူကိုဖက်ကာ ကျောလေးကိုပုတ်ပေးနေသည်၊ဒီအမျိုးသမီးကြီးက ဝမ်ရှန့်ဖုန်းရဲ့အဘွားဖြစ်သည်၊သူ့အဘွားဟာ ဝမ်မိသားစုရဲ့အဓိကထောက်တိုင်ကြီးဖြစ်ပေမယ့် ဝမ်ရှန့်ဖုန်းဆိုမြေးလေးတယောက်ထဲကိုသာ ချစ်ပြီး အရိပ်လိုစောင့်ရှောက်ပေးသူဖြစ်သည်၊ဝမ်ရှန့်ဖုန်းသေတော့ သူအဘွားလည်း ထိုစိတ်နဲ့မကြာ သေဆုံးခဲ့သည်၊ဝမ်အဘွားကြီးအတွက်စိတ်မကောင်းဖြစ်သွားပြီး ဝမ်အဘွားကြီးရဲ့မေတ္တာကိုပင် ခံစားမိတာကြောင့် သူလည်းပိုမိုတိုးဝင်ကာ...

"အဘွားကို သတိရနေခဲ့တာ"

[Sky:.. အရှက်မရှိချက်]

ထိုနောက် သတင်းကြီးတခုတတ်ခဲ့တော့သည်၊ Kingdom landတဲ့ဂိမ်းကြောင့် လူသန်းပေါင်းများစွာ ကိုမာဝင်သွားခဲ့ပေမယ့် တရက်ထဲနဲ့အကုန်သတိပြန်ဝင်လာခဲ့ခြင်းဖြစ်သည်၊ မီဒီယာများဟာ မေ့မျောပြီးပြန်သတိရတဲ့အကြောင်းအရင်းကို မေးမြန်းကြည့်တော့ အကုန်လုံးတူညီစွာထွက်လာသည်မှာ "TOP1 player အက်တာကြောင့်"လို့သာ ပြောကျသည်၊တဖက်မှာလည်း TOP 7 player လီနာရဲ့မကောင်းသတင်းဟာလည်း ကြားမကောင်းအောင်ထွက်ပေါ်လာသေးသည်၊

Zhao Wen Xuan(System)Where stories live. Discover now