Arc.2.7 (Fang Wen Jian)

Start from the beginning
                                        

ထိုအနီစက်ကို အစွမ်းကုန် ကုသပေမယ့် အဖြေမပေါ်ပေ၊ သူလက်ချက်ကြောင့် သမားတော် သုံးယောက် နဲ့ ပညာသင်သမားတော် ငါးယောက်လောက် သေပြီးပြီ ဖြစ်သည်၊ ဒီပုရွက်ဆိတ်တွင်ဟာ ဒီလို အနီစက်တောင် မကုသနိုင်ရင် ဘာလို့ ဆေးဆရာ လုပ်နေရတာလဲ သေတာပဲ ကောင်းတယ်....သူရဲ့ လည်ပင်းနားထိ ရောက်နေပြီဖြစ်တဲ့ အနီစက်များကြောင့် သူရဲ့ စိတ်အခြေအနေဟာလည်း တဖြေးဖြေးဆိုးဝါးလာသည်၊

အခုလည်း သူဟာ Fang Wen Jianရဲ့ သတင်းကြောင့် အလွန်ပေါက်ကွဲနေတော့ သူဟာ သူအခန်းထဲရှိ ပစ္စည်းများကို ရိုက်ကွဲပစ်ပေါက်နေတော့သည်၊ ပြီးနောက် သူရဲ့ လူသတ်ချင်စိတ်ကြောင့် သူဘေးနားရှိ အထိန်းတော်ကြီးကို မသေမချင်း နှိပ်စက်ရိုက်နှက်တော့သည်၊
အစေခံတွင်ဟာ အထိန်းတော်အိုကြီးကို ကူညီချင်ပေမယ့် သူတို့ဟာ သခင်လေးကို ကြောက်ရွံ့သောကြောင့် တုန်ယင်နေပြီး နေရာကနေ မရွေ့နိုင်ပေ၊၊ အထိန်းတော်အိုကြီးဟာ အော်ဟစ်တောင်းပန်ပေမယ့် နောက်ဆုံး အသက်ထွက်ကာ သေဆုံးသွားတော့သည်၊ အစောင့်များဟာ အထိန်းတော်ကြီးရဲ့ အလောင်းကို ဝမ်းနည်းစွာ ယူဆောင်သွားတော့သည်၊ ဒါပေမယ့် သူတို့ဟာ သူတို့အသက်ကို မြတ်နိုးသောကြောင့် မဝေဖန်ရဲပေ၊

Wen Jianဟာ Skyရဲ့ပြန်လည်ပြောကြားချက်အရ သူဟာ ပြုံးပြီးနားထောင်နေသည်၊ ဇာတ်လမ်းနဲ့သွေဖယ်သွားပြီး Lan Mei Youရဲ့ အားကိုးရဆုံး သစ္စာခံ အထိန်းတော်ကြီး သေဆုံးသွားပြီ၊ ဘာလို့ တစ်ယောက်ယောက်က အထိန်းတော်အိုကြီးအတွက် ကလဲ့စားမချေပေးရမလဲ၊သူဟာ အကြံအစည် အချို့ကို စဉ်းစားနေရင်း Ah Li အသံကြောင့် သူ စဉ်းစားနေတာတွေ ရပ်လိုက်ရသည်

"သခင်လေး မင်းသားLi Sheng လာလည်တယ်"
"ကောင်းပြီ ဥယျာဉ်ထဲမှာ စောင့်ပေးပါလို့ ပြောလိုက်ပါ Ah Li"
"ဟုတ်ကဲ့ သခင်လေး"

Wen Jianလည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး ဥယျာဉ်ဘက်ကို ထွက်လာတော့သည်၊ ဥယျာဉ်ထဲတွင် အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လှပသော ကြာကန်ကြီးရှေ့ရှိ စားပွဲတွင် ကန်ဘက်ကို မျက်နှာမူ နေရာယူထားပြီး လက်ဖက်ရည် အေးဆေးစွာ သောက်နေသည်၊ဒီလို လှပတဲ့ မြင်ကွင်းဟာ အခြားသူများအတွက် တော့ ရင်ခုန်စရာဖြစ်သည်၊ ထိုလူရဲ့ အပြာရောင်မျက်ဝန်းများဟာ Wen Jianပေါ် ရောက်လာတော့ Wen Jianစိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များ ခံစားရသည်၊ ထိုလူဟာ သူရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းလိုလို...ဒါဟာ ဘယ်လို ခံစားချက်ပါလိမ့်၊

Zhao Wen Xuan(System)Where stories live. Discover now