ဘယ်သူ ထင်မှာလဲ ဖန်ဝမ်ကျန့်က သူကို ပိုးပန်းနေသောသူများကိုပင် လုယူသွားတာကို၊ သူစိတ်ထဲတွင် ဖန်ဝမ်ကျန့်ကို လက်ကနေ ဆွဲခေါ်သွားပြီး အရင်ပုံစံ ဝတ်ရန် အော်ဟစ်ပြောဆိုချင်နေပြီ၊
စိတ်ထိန်းထား သူ လှတော့ကော ဘာဖြစ်လဲ သူရဲ့ ကျူးရှားရစ် က သုံးစားမရအောင် မှေးမှိန်နေတဲ့အပြင် ဘာအတတ်ပညာမှ ဖြစ်ဖြစ်မြှောက်မြှောက် တတ်တာမှ မဟုတ်တာ၊
'ဖန်ဝမ်ကျန့် လူအားလုံး မင်းအကြောင်းသိစေရမယ် မင်းဟာ အဆင်းပဲရှိတာ အချင်းမှ မရှိတာ '
"မေ့ရုံ ဘာလို့ တိတ်ဆိတ်နေတာလဲ လာလေ ငါတို့ ဝင်ရအောင်"
"ဟမ်..သြော်...ငါတခုခုတွေးနေလို့ပါ သွားမယ်"
'ငါ့ကို ဘာတွေ မကောင်းကြံဖို့ စဉ်းစားနေတာပါလိမ့်'
"ဝမ်ကျန့် မင်း ဒီနေ့ လှပနေတာပဲနော် မင်း ဒီနှစ်လဲ အရင်နေ့လို ဝင်ပြိုင်မှာလားဟင်" ဝမ်ကျန့် ကို မေးပေမယ့် သူအသံက ဘေးနားကိုပင် ကြားရသော အသံအနေထားနဲ့ ပြောနေခြင်းဖြစ်သည်
"ဒါ ဖန်ဝမ်ကျန့် လား....ဘယ်လိုဖြစ်နိုင်မလဲ ဖန်ဝမ်ကျန့်ဆိုတာ မိတ်ကပ်ဖို့နေပြီး ရုပ်ဆိုးပန်းဆိုး နဲ့ကောင်လေ ဒီနတ်သားလေးမှ မဖြစ်နိုင်တာ "
"ဒါ ငါသိပြီ ဖန်ဝမ်ကျန့် ဆိုတာ ဖန် အမတ်ကြီးရဲ့ အငယ်ဆုံးသားမလား အရည်အချင်း လဲ မရှိ ရုပ်ကလဲ ဆိုးသေးတဲ့ အမှိုက်လေ"
လန်မေ့ရုံကတော့ ထိုအသံများကြောင့် ပြုံးရွှင်နေပေမယ့် ဟန်တော့ဆောင်ထားရသည်၊ဒါပေမယ့် ဖန်ဝမ်ကျန့်က အရင်လို အော်ဟစ်ပြီး ပြန်မပြောတဲ့အပြင် ပြုံးပင် ပြုံးနေပြီး ကောများအတွက် စီစဉ်ထားသော ခုံများဘက်ကို အေးဆေးပင် လျှောက်သွားသေးသည်၊
ဒါဟာ လန်မေ့ရုံ တွေးထားတဲ့အကြံအစည်ကို ပျက်စီးချင်တယ်၊တော်ဝင်မင်းသားမင်းသမီးတွေ ထိုင်နေတဲ့နေရာမှာလည်း အိမ်ရှေ့စံ စာရင်းဝင်တဲ့ မင်းသား (၂)လည်း ရှိနေပြီး သူရဲ့ စာနာတတ်ပြီး စိတ်ထားမွန်မြတ်တဲ့ပုံစံကို ပြချင်သော်လည်း ဖန်ဝမ်ကျန့် က သူထင်သလို မလုပ်လာသောကြောင့် သူလည်း လက်လျော့ကာ ဝမ်ကျန့် ဘေးတွင် သွားထိုင်နေတော့သည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
Arc.2.3(Fang Wen Jian)
Start from the beginning
