Arc.2.2(Fang Wen Jian)

Mula dari awal
                                        

'Sky.... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုကြောင့် ဒီခန္ဓာကိုယ်ရဲ့ အချို့အချက်တွေက ပြောင်းလဲ သွားတာလား'

[Sky:ဟုတ်တယ် မင်း ကလေး အယောက်တရာမွေးပေးလဲ မင်းအတွက် စိတ်ပူစရာ မလိုတော့ဘူး ပြီးတော့ ငါ အကိုက်အခဲပျောက်ဆေး တီထွင်ပြီးပြီ ဒီအကိုက်အခဲပျောက်ဆေးဟာ မင်း လိင်ဆက်ဆံပြီးချိန် ဒါမှမဟုတ် ကလေးမွေးဖွားနေရင်း ခံစားရတဲ့နာကျင်မှုတွေ လူဝိုင်းရိုက်ခံရတဲ့ အချိန်တွေမှာ သောက်သုံးလိုက်ရင် ပိန်းကြာရွက်ပေါ် ရေစက်ကျသလို... လျောခဲနဲ ပျောက်ကင်းသွားစေတယ်... Points 10ပဲ ဘယ်လိုလဲ]

"မင်း မွေးလေ မင်းအတွက် ငါဝယ်ပေးမယ်"

ဝမ်ကျန့် အမြင်ကတ်စွာ Skyကို ပြောလိုက်ပြီး ရေဇလုံထဲက ထလိုက်တော့ သူရဲ့ ဖြူဖွေးပြီး လှပသော နောက်ကျောနဲ့တင်လုံးလုံးလေးဟာ ရေစက်များကြောင့် ပိုမို လှပနေသယောင်၊ ဒါပေမယ့် ထိုအလှဟာ ကြာရှည်မခံပေ၊ ပါးလွှာတဲ့ အဖြူရောင်အောက်ခံ ဝတ်စုံလေးဟာ ထိုလှပမှုများကို အကျည်းတန်စွာ ဖုံးကွယ်လိုက်သောကြောင့်ဖြစ်သည်။

နှင်းဆီပန်းကို မနှစ်သက်သော ဝမ်ကျန့်အတွက်တော့ ဒီချိုးရေက ငရဲလိုပါပဲ၊ဒါဟာ သူခန္ဓာကိုယ်ကို လန်းဆန်းပေးမယ့် သူစိတ်ကတော့ မကြည်လင်ပေ၊

ဆံပင်ကနေ ရေတစက်စက်ပြီး ကျနေပြီး နီရဲနေသော နူတ်ခမ်းဖူးလေးက တခုခုကို အလိုမကျစွာ ဆူနေပြီး ဇင်ယော်တောင် မျက်ခုံးမွှေးလေးတွေလည်းအလိုမကျစွာ ကြုတ်ထားသည် ၊ ရှည်လျား မဲနက်နေသော မျက်တောင်မွှေးများသည်လည်း အားလီကို စူးရှစွာ ကြည့်နေသဖြင့် အားလီမှာ မိန်းမဆိုးတန်မဲ့ စိတ်ပင် ထကြွချင်သည်၊

ဟုတ်သည် သူတို့ သခင်လေးရဲ့ ပုံစံအမှန်ကို ဘယ်သူမှ မသိပေမယ့် အနီးကပ် စောင့်ရှောက်တဲ့သူဖြစ်တာကြောင့် သိသည်၊ ဒီနိုင်ငံရဲ့အလှဆုံး စာရင်းဝင်တဲ့သူတွေတောင် သခင်လေးရဲ့ ကျောက်စိမ်းလို ဖြူစင်းပြီး သွယ်လျသော သခင်လေးခြေထောက် တစုံရဲ့အလှကိုပင် မမှီပေ။

ဒီနေ့က ပိုဆိုးသည်၊သူသခင်လေးဟာ အရင်ကထက် ပိုလှပလာပြီး ပိုမိုတောက်ပနေသလိုပင်၊ ပြီးတော့ အလွယ်တကူ နူတ်ခမ်းများပင် ဆူတတ်လာသောကြောင့် ဖြစ်သည်။

Zhao Wen Xuan(System)Tempat di mana cerita hidup. Terokai sekarang