Arc.2.2(Fang Wen Jian)

Start from the beginning
                                        

ဝမ်ကျန့် ရဲ့ ဗီရိုထဲကို မွှေနှောက်ကြည့်လိုက်တော့ စိတ်ပျက်စရာ....အဝတ်အစားတောက်တောက်ကြီးတွေတောင် တွေ့လိုက်ရသဖြင့် စိတ်ပျက်မှုများဖြင့် ထိုင်ချလိုက်တော့သည်၊

"ဘာလို ဒီဖန်ဝမ်ကျန့်မှာ ပုံမှန်အဝတ်အစားတောင် မရှိရတာလဲ တကယ်စိတ်ပျက်စရာပဲ"

အားလီ ဟာ ပြန်ဝင်လာပြီး ချိုးရေအတွက် အဆင်သင့်ကြောင်းပြောလိုက်သည်
"ဒုတိယသခင်လေး ရေချိုးဖို့ အသင့်ဖြစ်ပါပြီ..."

"ကောင်းပြီ"

"ဒီမှာ သခင်လေး ဝတ်ဖို့ အဝတ်အစားတွေပါ "

[Sky:ဒီအစေခံက တော်တော် သိတတ်တာပဲ]
Skyမပြောနဲ့ သူပါ ချီးကျူးမိသည်၊

"တော်တယ်"လို့ ပြောတာ သစ်သားဇလုံထဲရှိ နှင်းဆီပန်းများကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်မိလိုက်သည်၊ သူဟာ နှင်းဆီပန်းကို မကြိုက်ပေ....ဒါပေမယ့် အရင် ပိုင်ရှင်ကတော့ နှင်းဆီပန်းကို ကြိုက်နှစ်သက်သည်၊ သခင်လေး ဘေးနားမှာ ခစားလာတဲ့သူပီပီ အားလီဟာ သူ သခင်လေး အလိုမကျဖြစ်နေသည်ကို သိသောကြောင့်

"သခင်လေး ဘာကို အလိုမကျဖြစ်နေတာလဲ ဒီကျွန်ကို ပြောလို့ရပါတယ်"

"အားလီ ငါ အကြိုက်တွေ ပြောင်းချင်ပြီ...မနက်ဖြန်ကစပြီး ကြာပန်းရနံ့ကိုပဲ သုံးစေ၊ ငါရဲ့ အဝတ်အဟောင်းတွေအကုန်လုံး လုပ်ချင်တာ လုပ်လိုက် မနက်ဖြန် အပ်ချုပ်သမားတွေကို အိမ်တော်ကို ငါ အဝတ်သစ် ချုပ်မလို့ ခေါ်ထားလိုက် မြန်မြန်ချုပ်ချင်တာကြောင့် လူများရင် ပိုကောင်းလေပဲ"

"ကောင်းပြီ သခင်လေး"

သစ်သားဇလုံထဲရှိ နောက်ကျောထိုင်နေသော သခင်လေးကို သူကြည့်ရင်း သခင်လေးဟာ ပြောင်းလဲ သွားပြီလို့ ခံစားနေရသည်၊ ဒါပေမယ့် သူမပြောတတ်သေးချေ၊

ဝမ်ကျန့် သူ့ ခန္ဓာကိုယ်သည် ယခုမှ လန်းဆန်း ပေါ့ပါးသွားသည်လို့ ခံစားနေရပြီး သူ့လက်ရှိ ကျူးရှားရစ် ကို ကြည့်လိုက်မိသည်၊ နီရဲပြီး တောက်ပနေသော ကျူးရှားရစ် သည် မွေးဖွားနူန်းကို ပိုမိုမြှင့်တင်နိုင်တယ်ဆိုပဲ...ဒါဟာ အခြားလူအတွက် ပျော်ရွှင်စေသော်လည်း သူ့အတွက်ကတော့ အလွန်စိတ်ပျက်စရာပေ...

Zhao Wen Xuan(System)Where stories live. Discover now