ထိုလူသည် မည်သို့သော မြင့်မြတ်သောစွမ်းရည်ကို ကျင့်ကြံနေခဲ့သနည်း။ ထိုမျှအစွမ်းထက်သည့်အော်ရာကို မည်သို့ ထုတ်လွှတ်နိုင်ရသနည်း။

ပထမအကြီးအကဲထံမှပင် ဤကဲ့သို့ အရှိန်အဟုန်ပြင်းသည့် အော်ရာမျိုး ထွက်ပေါ်လာသည်ကို မတွေ့ခဲ့ဖူးပေ။ စီနီယာရီမှာ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ ဖြစ်နိုင်သလော။

ဤဖြစ်နိုင်ချေကိုတွေးတောရင်း လီချန်းထျန်၏ အကြည့်သည် ပို၍ပင် ရိုကျိုးလာသည်။

" စီနီယာနင်း.... စီနီယာရီအခန်းက ငြိမ်သွားတာ တော်တော်ကြာနေပြီ... အထဲမှာ စီနီယာရီ အဆင်ပြေပါ့မလား...”

မြို့တော်အပြင်ဘက်တွင် လီမြောင်လင်တစ်ယောက် အင်ပါယာတစ်ပိုင်းအဆင့် တစ်ဒါဇင်ကျော်၏ လိုက်ဖမ်းခြင်းကို ခံရချိန်တွင် ဤအမျိုးသမီးသည် နေဝင်ဆည်းဆာဓားဂိုဏ်းမှ လူ ဆယ်ဦးထက်မနည်းကို လက်တစ်ချက်လှုပ်ကာ သတ်ဖြတ်ခဲ့ကြောင်း လီချန်းထျန် သူ့သမီးထံမှ သိရှိထားခဲ့သည်။

ထိုခွန်အားက သူ့ကို အတော်လေး ထိတ်လန့်စေခဲ့သည်။

၎င်းမှာ အင်ပါယာတစ်ပိုင်းတစ်ဒါဇင် ဖြစ်သည်။ သူတို့၏ ပထမအကြီးအကဲပင်လျှင် ထိုကဲ့သို့ အလွယ်တကူ မလုပ်နိုင်ပေ။

ထို့ကြောင့် ဤမိန်းကလေး၏ ခွန်အားသည် မည်မျှ ကြောက်စရာကောင်းနေသည်ကို သိနိုင်သည်။ သူတို့ စကားပြောပုံအရ ရီချန်းဂျီသည် သူတို့ သုံးယောက်တွင် ခေါင်းဆောင်ဖြစ်နိုင်သည်ကို လီချန်းထျန်တို့ သိထားခဲ့သည်။ ထို့ကြောင့် ရီချန်းဂျီ၏နယ်ပယ်သည်လည်း သာမာန် မဟုတ်နိုင်ပေ။

နင်းမန်မန်း သူတို့ကို လှည့်ကြည့်လိုက်သည်။ ထိုအကြည့်မှာ လီချန်းထျန်အား ကိုးရိုးကားယား ဖြစ်သွားစေသည်။ သူ့အပြောမှားသွားပြီဖြစ်ကြောင်းလည်း သဘောပေါက်လိုက်သည်။

ထိူအချိန် အခန်းထဲတွင် ရီချန်းဂျီမှာ သူဖန်တီးထားသည့် ကျင့်စဥ်ကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ၎င်းကို ကျောက်စိမ်းပြားတစ်ခုထဲတွင် မှတ်တမ်းတင်လိုက်သည်။ ဤကျင့်စဥ်၏အဆင့်သည် မြင့်မြတ်ကောင်းကင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ ထို့ကြောင့် ထိုမျှအားကောင်းသော ကောင်းကင်နှင့် မြေကြီးဖြစ်စဥ်ကို ဖြစ်ပေါ်စေခဲ့ခြင်းလည်း ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)حيث تعيش القصص. اكتشف الآن