“ ကိစ္စက ဒီလိုဆိုတော့လည်း လီယင်မင်းသားကိုပဲ ဆုချီးမြှင့်ရတော့မပေါ့ ” ဟု လီရှစ်မင်က ပြောလိုက်ရင်း အောက်တွင် ခစားနေကြသော အရာရှိများကို ကြည့်လိုက်၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းအံ့ဩနေသည့် အရိပ်အယောင်များ မြင်နေရသည်။ အထူးသဖြင့် လီချမ်ချန့်နှင့် လီထိုက်။ မင်းသားတော်များအားလုံးထဲတွင် လွှတ်တော်၌အရေးပါအရာရောက်သော မင်းသားများမှ လီခယ့်အပါအဝင် ၎င်းတို့သုံးဦးသာ ဖြစ်ကြသည်။ မင်းသားတော် လေး မှာလည်း ငယ်စဉ်ကတည်းက တိမ်းပါးသွားခဲ့၏။ မင်းသားတော် ခုနစ် မှစ၍ ကျန်မင်းသားများသည်လည်း အရွယ်ငယ်သေးကြသည်။ ထို့ကြောင့် လွှတ်တော်ထဲ၌ နေရာမရသေးသည်က မင်းသားတော် ငါး (လီယို) နှင့် မင်းသားတော် ခြောက် (လီယင်) တို့သာ ကျန်တော့သည်။ ၎င်းတို့နှစ်ဦးလုံးမှာလည်း လီရှစ်မင်အတွက် ဒုက္ခပေးသော သားများအဖြစ်သာ ကျော်ကြားလေ၏။ တစ်ယောက်မှာ တစ်နေ့လုံး လူမိုက်များနှင့် အလေလိုက်နေသူဖြစ်ပြီး နောက်တစ်ယောက်မှာတော့ ပေါ့ပျက်ပျက်အလေးအနက်မထားတတ်သော သားတစ်ယောက်သာ ဖြစ်နေခဲ့သည်။

ချမ်အန်းပြည်၏ ရေ‌ကြီးမှုဒုက္ခကတော့ ၎င်းသားတစ်ယောက်၏ အကူအညီဖြင့် ဖြေရှင်းနိုင်ခဲ့လေပြီ။ မနက်စောစောကတည်းက အရှင်မင်းကြီးလီရှစ်မင်သည် ရုံးတော်အရာရှိများနှင့် လုပ်ငန်းဆောင်တာများအကြောင်း ‌ဆွေးနွေးပြီးသွားခဲ့ပြီဖြစ်သည်။ ထို့နောက် လွှတ်တော်တွင်ပင် အရှင်မင်းကြီး လီရှစ်မင်သည် အခြွေအရံ ဝမ်‌ကွေ့အား လျန့်စံအိမ်တော်သို့ စေလွှတ်စေပြီး လီယင်အား နန်းတော်သို့ ဆင့်ခေါ်စေလိုက်သည်။

ဝမ်ကွေ့၏ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာမှုကြောင့် လီယင်အနည်းငယ် အံ့ဩမိသော်လည်း ဤမနက်ခင်းတွင် ရုံးတော်၌ ဘာဖြစ်ခဲ့သည်ဆိုတာကို သေချာသိရှိသွားပြီးနောက်မှာတော့ လီယင်လည်း မတတ်သာပဲ အမိန့်ကို နာခံကာ နန်းတွင်းသို့ အခစားဝင်ရောက်ခဲ့ရလေသည်။

“ ဒီအကြံက သားတော်ရဲ့ အကြံဆို ”

ကမ်လုခန်းမထဲတွင် အသနားခံစာများကို အတည်ပြုစစ်ဆေးနေသော လီရှစ်မင်သည် သူ၏ဘေးတွင် ရပ်လျက်ရှိသော လီယင်အား မေးလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now