Part-28(Zawgyi)

48.9K 1.4K 86
                                    

Part-28

Mainပြန်ရောက်လာတော့ ည7နာရီ ထိုးတော့မည်ဖြစ်သည်။လူတစ်ကိုယ်လုံးလည်း ရေတွေရွှဲလို့ပါ။ကုန်းပတ်ပေါ်တက်လာပြီး ဆံပင်တိုတိုတွေကို ခါထုတ်နေပုံက သက်တောင့်သက်သာပင်။ဘဘက သူ့ကို သိပ်မကြည်ဘူးဆိုတာကို ရိပ်မိပုံရကာ ဘဘကို တစ်ချက်ပြန်ကြည့်၏။ပြီးတော့ ဘဘအနားမှာ ရပ်နေသည့် ကောင်းကိုလည်း ခပ်တည်တည်နှင့် တစ်ချက်လှမ်းကြည့်သည်။

"မင်း အဲ့ကောင်နောက် ဘာလိုက်လုပ်တာလဲ Main"

"ဒီကောင် နယ်ကျော်လာတာ ဘဘ"

"အခုရော ဘယ်လိုဖြစ်သွားလဲ...."

"ပစ်သတ်လိုက်ပြီ...."

ဘဘက သူ့ခန္ဓာကိုယ်ကို အထက်အောက် စုံဆန်ကြည့်ပြီးမှ....

"မင်းကို ငါတို့အားလုံး စိတ်ပူနေကြတာ Main"

"ကျွန်တော် ဒီကောင်တွေနဲ့ တိုက်နေကြပါ"

"မင်း ရေချိုးပြီးရင် အောက်ခဏ ဆင်းလာခဲ့ဦး"

ဘာတစ်ခွန်းမှ ထပ်မမေးတော့ဘဲ ဘဘ​ကို အရင်ကြည့်သည်။ပြီးတော့ ကောင်းဆီကို မျက်လုံးရွှေ့လာ၏။ကောင်းသူ့ကို မကြည့်ဘဲ မျက်နှာလွှဲနေတော့ ကောင်းဆီသို့ တည့်တည့်လျှောက်လာသည်။ထို့နောက် ကောင်းလက်ကို ဖျတ်ခနဲ ဆွဲကိုင်၍ အပေါ်သို့ တောက်လျှောက်တက်၏။

အပေါ်ဆုံးထပ်ရောက်တာနဲ့ သူဝတ်ထားသည့် Shirtအနက်နှင့် Pantအနက်ကို ဒီအတိုင်း ချွတ်ချ၏။အဝတ်မဲ့သွားသော ခန္ဓာကိုယ်နောက်ပိုင်းမှ အထစ်အရစ်တွေက အတိုင်းသား။ခုပဲ ရေထဲက တက်လာသည်။ခုပဲ ရေထပ်ကူးဖို့ ပြင်၏။

ကောင်းသူ့ကို တားဆီးချင်စိတ် မရှိတာကြောင့် သူလုပ်သမျှကို မသိ၊မမြင်သလို နေလိုက်သည်။သူထုတ်လွှတ်သော ဖယ်ရိုမုန်းရနံ့မှာ ရန်လိုစိတ်များ ဖုံးလွှမ်းနေသဖြင့် ရှောင်ထွက်သွားဖို့ ပြင်လိုက်၏။သူလုပ်ချင်တာ လုပ်နေရတာကို ဘာကိုမကျေမနပ် ဖြစ်နေသေးတာလဲ။

ကောင်း အိပ်ခန်းထဲ ဝင်ဖို့လုပ်တော့ ခေါင်းစောင်းကြည့်လာ၍....

"ကျုပ်အတွက် Bathrobeယူလာခဲ့"

ပြောပြီး ရေကူးကန်ထဲ ဒိုက်ထိုးဆင်းသွားသဖြင့် ကောင်း သူ့အတွက် Bathrobeယူလာပေးရသည်။သူရေကူးတာ သိပ်တော့ မကြာပါ။သူကန်ဘောင်ပေါ် ပြန်တက်လာတော့ကောင်း မျက်လွှာချထားလိုက်သည်။အနားရောက်လာပြီး ကောင်းလက်ထဲက Bathrobeကို ဆွဲယူဝတ်သည်နှင့် လှည့်ထွက်လာလိုက်၏။

Main(Enemy Of The Mafia Guy)Onde histórias criam vida. Descubra agora