Part-1(Zawgyi)

91.4K 1.9K 25
                                    

ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ဒသ၏ရာသီဥတုက နွေအကုန်မိုးအကူးမို့ တောတောင်တစ်ခုလုံး စိမ်းစိုနေသည်။အအေးပိုင်းဒေသလည်းဖြစ်သဖြင့် တောတောင်တွေက အမြဲလိုလိုစိမ်းစိုနေကာ မြူတွေဆိုင်းနေတတ်သေးသည်။

လူသူအရောက်အပေါက်နည်းပါးသည့် တောတောင်လျှိုမြောင်တို့၏အတွင်းပိုင်းတစ်နေရာ၌ သစ်လုံးများဖြင့်စနစ်တကျတည်ဆောက်ထားသော အိမ်တစ်လုံးရှိနေ၏အေးချမ်းတိတ်ဆိတ်သော ပတ်ဝန်းကျင်အနေအထားကြောင့် ထိုအိမ်အတွင်းနေထိုင်သူသည် အေးချမ်းလုံခြုံစွာနေထိုင်လိုသူဖြစ်လိမ့်မည်။

သစ်လုံးအိမ်၏ကျောဘက်၌ စနစ်တကျထွန်ယက်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ချို့။မျက်နှာစာတွင်တော့ ဆေးဘက်ဝင်သစ်ဥသစ်ဖုတစ်ချို့နှင့် အသားတစ်ချို့ကို အခြောက်လှမ်းထားသည်။ထို့အပြင် တိုက်ရေးခိုက်ရေးအတွက်အသုံးပြုပုံရသည့် ပစ္စည်းကိရိယာအများအပြားလည်းရှိနေ၏

အိမ်၏ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ရပ်နေသဖြင့် အိမ်အတွင်းထိုင်သူသည်လည်း စည်းစနစ်ကျကာ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သူဆိုတာ အငြင်းပွားစရာမလို။

သစ်လုံးအိမ်၏မလှမ်းမကမ်းမကမ်းတွင် တောင်ကျစမ်းချောင်းငယ်တစ်ခုရှိသေးသည်။ချောင်းရေကကြည်လင်သန့်ရှင်းလွန်းသဖြင့် ချောင်းစပ်မှ ကျောက်စရစ်ခဲတွေကိုတောင် လှမ်းမြင်နေရ၏

ချောင်းစပ်တွင် အသက်50ဝန်းကျင်အရွယ်လူကြီးတစ်ယောက် မတ်တပ်ရပ်နေ၏ထိုလူကြီးဝတ်ဆင်ထားသော စွတ်ကျယ်ချိုင်းပြတ်အဖြူက သူ့ရဲ့ကာယဗလတွေကိုတမင်လှစ်ပြထားသလိုပင်။ထိုလူကြီး၏ပုံစံမှာ လွန်စွာကျန်းမာသန်းစွမ်းပုံလည်း ပေါ်သည်။

လူကြီးရပ်ကြည့်နေဟန်ရှိသော ချောင်းရေပြင်သည် ရုတ်တရက်ရေပွက်ကလေးတွေထလာသဖြင့် လူကြီးမျက်နှာက တဖြည်းဖြည်းပြုံးယောင်သန်းလာ၏ထို့နောက်သူ့လက်မှာဝတ်ဆင်ထားသော နာရီကိုငုံ့ကြည့်ရင်း

"12မိနစ်နဲ့46စက္ကန့်"

ထိုလူကြီးပြောပြီးမကြာလိုက်။တည်ငြိမ်စွာစီးဆင်းနေသည့်ချောင်းရေတွေက ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ဖွားခနဲလွင့်စင်ကုန်သည်။တဆတ်တည်း ထိုရေထဲမှအသက်12ဝန်းကျင်အရွယ် လူငယ်လေးတစ်ယောက်ထွက်ပေါ်လာ၏

Main(Enemy Of The Mafia Guy)Unde poveștirile trăiesc. Descoperă acum