Part-34(Uni)

186K 13.2K 5.7K
                                    

Part-34

"ကောင်လေး နေရတာ ဘယ်လိုနေလဲ"

"ကျွန်တော် ရေမချိုးဘဲ နေလို့ရလား ဘဘ"

ဦးမိုးကြိုး သက်ပျင်းရှည်ကြီးချ၍....

"ကောင်လေး ချိုးချင်စိတ်မရှိရင် မချိုးနဲ့၊နေသာသလိုနေပါ"

ကောင်လေးမျက်နှာက ဖြူဖျော့ပြီး အားနည်းနေမှန်း သိသာလျက်။ ရေမချိုးဘဲနေ,နေတာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ရောက်စကတော့ ရေထဲကမတက်သလောက် အခုနောက်ပိုင်းကျ ရေချိုးပြီးသည်နှင့် အေးစိမ့်ပြီး နေထိုင်မကောင်းတော့ပါတဲ့။ Omegaရဲ့သဘာဝက ကိုယ်ဝန်ဆောင်စဥ်မှာ သူ့Alpha၏ Pheromoneကို ပို၍ လိုအပ်ကြသည်မဟုတ်လား။

"ဘဘ ကောင်လေးကို တစ်ခုလောက်ပြောချင်တယ်"

"ဟုတ်ကဲ့ ဘဘ"

"ကောင်လေးခန္ဓာကိုယ်က အားနည်းနေတယ်၊ရှင်းရှင်းပြောရရင် ကောင်လေး ခန္ဓာကိုယ်က Main Pheromone လိုအပ်နေတယ်ဆိုတာကို ကောင်လေးလည်း သိမှာပါ"

ပြောပြီး ကောင်းဗိုက်ကိုကြည့်၏။ ကိုယ်ဝန်က ငါးလထဲ ရောက်လာပြီမို့ ဗိုက်ကလည်း သိသိသာသာ ပူဖောင်းလာပြီဖြစ်သည်။ ကလေးအတွက် လိုအပ်တဲ့ဆေးတွေကို ပါရဂူကြီးညွှန်ကြားသည့်အတိုင်း သောက်ပေမဲ့ ကလေးကြီးထွားနှုန်းက မြန်သဖြင့် Alphaအဖေ၏ Pheromoneက ကလေးအတွက်ရော၊ကောင်းအတွက်ပါ လိုအပ်လာသည်။

Pheromone အစားထိုးဆေးတွေကလည်း Alpha Pheromoneလောက် အာနိသင် မရှိသဖြင့် ကောင်းအပေါ် သက်ရောက်မှု နှေးကွေးနေ၏။ Mainအိပ်ရာနှင့် အင်္ကျီတွေကလည်း ကောင်းယူသုံးတာကြာနေပြီမို့ Pheromone အာနိသင် မရှိတော့ပေ။ပြီးခဲ့တဲ့လက Mainခေါ်ထားသည့် ပါရဂူကြီးကိုယ်တိုင် ရဟက်ယာဥ်နှင့် လာရောက် စစ်ဆေးပေးသွားသည်။ အခုလကျမှ ရောက်မလာတော့တာ။

"ကလေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကလည်း ပိုပြီး လိုအပ်လာပြီကောင်လေး၊
ဒီလအတွက် ပါရဂူကြီး လာကြည့်ပေးဖို့က အဆင်မပြေ ဖြစ်နေတယ်"

ဘဘမျက်နှာက သိပ်မကောင်းပါ။

"ဘာဖြစ်လို့လဲဟင်၊ကျွန်တော့်ကြောင့်လား ဘဘ"

Main(Enemy Of The Mafia Guy)Where stories live. Discover now