Part-16(Zawgyi)

43.8K 1.2K 77
                                    

""ညီ ဘာလုပ်နေတာလဲ"

ညီ့ပုံစံကိုမြင်ပြီး Nurseဖြစ်သူ ဂရေ့မှာကြောင်သွားရသည်။ညီကmacbook Screenကိုစူးစူးဝါးဝါးကြည့်နေကာ သူမ ဝင်လာတာကိုတောင် သတိမထားမိ။ဂရေ့ကြည့်လိုက်မိသည့် Screenမှာတော့ ကိုMainနှင့် နွေဦးလေပြေတို့၏ စေ့စပ်ပွဲအခမ်းအနားက ပုံတစ်ချို့။

ညီက Macbookကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေတာလား။သူ့အစ်ကိုက ပရိုဂရမ်မာမို့ သင်ပေးထားတာပဲလား။

"ညီ့မှာ Macbookရှိနေတာလားဟင်"

"မင်း ကိစ္စမပါဘူး"

ညီ့မျက်လုံးတွေက သွေးဆာနေသလို ကြောက်စရာကောင်းနေ၏။ညီ့စိတ်ပုံမှန်မဖြစ်တာက တစ်ခါတလေ စိတ္တဇဆန်သည့် လူတွေလိုပဲ အန္တရာယ်ရှိသည်။ညီ့၏ ကြောင်စီစီမျက်လုံးတွေက သူမ လှုပ်ရှားမှုကို စောင့်ကြည့်နေသဖြင့် ဂရေ့ကြက်သီးပါထလာရသည်။

အခုညီ့ပုံစံက ပုံမှန်စိတ်ဝေဒနာရှင်ထက် Psychopathနဲ့ပိုတူသည်။သူစိတ်ကြည်တဲ့အခါ သူ့ဘာသာသူ နေတတ်ပြီး ဘယ်သူ့ကိုမှအန္တရာယ်မပြု။ ပြောစကားလည်း နားထောင်ပြီး စိတ်ဖောက်လာရင်တောင် ကလေးငယ်တစ်ယောက်လို ဆိုးသွမ်းပုံမျိုးဖြစ်သည်။

အခုက စိတ်တ္တဇလူသတ်သမားတစ်ယောက်လို မျက်လုံးတွေကအစ ကြောင်စီစီနှင့် ရန်လိုနေတတ်သည်။အမူအရာကလည်း ပုံမှန်ထက် လေးနက်နေကာ တစ်ခုခုကို ဆိုးဆိုးရွားရွား ပြုလုပ်တော့မည့်ပုံစံမျိုး။သူမ ဝင်လာမိတာ မှားသွား၏။အမှန်က ညီ ထမင်းစားချိန်ကျော်နေသဖြင့် လာခေါ်မိတာဖြစ်သည်။

"မင်း သေချင်လား ဂရေ့"

မျက်သားအဖြူတြွေမင်ရသည်အထိ မျက်လုံးလှန်ကြည့်လိုက်ပုံကြောင့် ပိုလန့်သွားရသည်။

"ဂရေ့ ထွက်သွားပေးပါ့မယ်ညီရယ်၊စိတ်လျှော့ပါနော်"

ညီက ဟားတိုက်ရယ်၏။ပြီးတော့ သူ့လက်ထဲမှာ ချွန်မြနေသည့် ဓားတစ်လက်ရောက်လာကာ သူမရှေ့ကို ဝှေ့ရမ်းပြသည်။

"မင်းမျက်လုံးတွေက တစ်ခုခုကို မြင်ပြီးသွားပြီမှလား"

"မမြင်ပါဘူး၊ဂရေ့ ဘာကိုမှမမြင်ပါဘူးရှင်"

Main(Enemy Of The Mafia Guy)Onde histórias criam vida. Descubra agora