Part-23(Uni)

202K 12K 6.3K
                                    

Part-23

"ညက မင်းယူသွားတဲ့ဖုန်း ဘယ်မှာလဲ"

"ဘာလုပ်ဖို့လဲ"

မေးပုံက နည်းနည်းမှ အဆင်မပြေ။ကောင်းစာကြည့်စားပွဲပေါ်နှင့် အံဆွဲကိုဖွင့်ပြီး အထပ်ထပ် လှန်လှောရှာဖွေနေရင်းကနေ သူ့ဘက်ကို လှည့်ကြည့်တော့ သူက အပြင်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။

"Main!"

"ကျုပ်ဖုန်း ယူထားလိုက် ရော့!"

ပြောပြီး သူ့ဖုန်းကို အိပ်ရာပေါ်ပစ်တင်၍ ကောင်းအဆင်သင့်ချပေးထားသော အပေါ်ကုတ်ကို ထပ်ဝတ်သည်။ကောင်း သူ့ဖုန်းကို ကောက်ယူ၍ သူ့အနားထိ လျှောက်သွားလိုက်ပြီး....

"ဘာလို့ မင်းဖုန်းကို ယူရမှာလဲ၊ငါ့ဖုန်းပဲ လိုချင်တယ်"

ကောင်းကို ပြန်မပြောတော့ဘဲ အခန်းပြင်ထွက်သွားဖို့ လုပ်နေသဖြင့် သူ့နောက်က အမြန်လိုက်ရသည်။ကောင်းစိတ်ထဲ တစ်ခုခုကို ဘဝင်မကျ။ညကတည်းက ဦးသစ်နဲ့ ဖုန်းပြောနေတုန်း ကောင်းလက်ထဲက ဆွဲလုသွားတာ ခုချိန်ထိ ပြန်မပေးသေး။ဦးသစ်နဲ့ ဖုန်းပြောတာကို မကြိုက်တာဟု ယူဆမိပေမဲ့ အခုက မဟုတ်တော့ဘူး။

ကောင်း သူ့ရှေ့မှာ သွားပိတ်ရပ်လိုက်တော့ အေးစက်စက် ငုံ့ကြည့်သည်။

"မင်းဖုန်းကို မင်းပဲယူသွား၊ငါ့ဖုန်း ပြန်ပေး"

ကောင်းပေးလိုက်သည့် သူ့ဖုန်းကို တော့ ပြန်ယူသွားပြီး ကောင်းဖုန်းကိုကျ ပြန်မပေးဘဲ ဒီအတိုင်းထွက်သွားဖို့လုပ်၏။ကောင်းပခုံးကို တမင်တိုးတိုက်သွားသဖြင့် လူက လဲကျမတတ်ဖြစ်ကျန်ခဲ့သည်။

"အဓိက"

ကောင်း တကယ်ဒေါသထွက်လာသဖြင့် သူ့ကုတ်အင်္ကျီကို အနောက်ကနေ ပြေးဆွဲပစ်လိုက်၏။ထိုအခါမှ ကောင်းကို စိတ်မရှည်သလို ပြန်လှည့်ကြည့်သည်။

"ငါ့ဖုန်း ဘယ်မှာလဲ"

"သိမ်းထားတယ်"

"ဘာလို့လဲ"

"မကိုင်စေချင်လို့"

ခပ်တည်တည်ပြောပြီး တံခါးကို ဖွင့်ဖို့လုပ်တော့ ကောင်းက အဖွင့်မခံသဖြင့် သေသေချာချာ စိုက်ကြည့်၍....

Main(Enemy Of The Mafia Guy)Where stories live. Discover now