Part-3(Uni)

152K 9.4K 2.6K
                                    

"ငါပြောတယ်Nic ဒီကောင်တွေ ငြိမ်နေတာ အဟုတ်တော့မဟုတ်ဘူးလို့၊ ငါ့စိတ်ထဲထင့်နေခဲ့တာ၊ဒီကောင်တွေ မထူးစိတ်ပိုက်လိုက်တာဖြစ်မယ်"

ဦးမိုးကြိုးက ထိုင်နေနိုင်သေးသော်လည်း Nicကနေရာမှာ ဖင်ပူအောင်မထိုင်နိုင်။ဟိုဟိုဒီဒီလျှောက်သွားလိုက်၊တက်ခေါက်လိုက်။ထို့နောက် ဝတ်ထားသည့် ကုတ်အနက်ကိုချွတ်၍ ဆိုဖာနောက်မှီပေါ်ပစ်တင်သည်။Nicမှာ တောင့်တင်းသော ကိုယ်နေဟန်ထားနှင့် မြင့်မားသော အရပ်အမောင်းရှိသူဖြစ်၏ချောမောတည်ကြည်သည့်မျက်နှာမှာ တစ်ခုခုကိုဆုံးဖြတ်ပြီးသလို တင်းမာပြတ်သားနေလျက်။

"ကျွန်တော့်သားတစ်ခုခုဖြစ်တာနဲ့ သူ့သားတွေလည်း သေရမယ်"

"လောလောဆယ်Mainကို သူတို့ဘာမှလုပ်သေးမှာမဟုတ်ဘူးNic၊Mainရှိတဲ့နေရာသိတာနဲ့ ငါလိုက်သွားမယ်"

"အခုက သားရှိနေတဲ့တည်နေရာကို လုံးဝရှာမရသေးတာ ကိုမိုး"

ရုံးခန်းထဲမှာရှိသည့် လူငါးယောက်လုံး တိတ်ဆိတ်သွားကြ၏Nicပြောတာလည်း ဟုတ်သည်။ကလေးရှိသည့် တည်နေရာကို ရှာမရ ဖြစ်နေတာက ဆိုးတာ။

"သူတို့ဘက်က ဆက်သွယ်လာတာကို ပဲ အရင်စောင့်ကြည့်ရမယ် ထင်တယ်"

ထိုစကားကိုပြောလိုက်သူက Fernandezမိသားစု၏ အကြံပေးရှေ့နေ Lou(လူး)။Louက စပိန်မြန်မာကပြားပဲဖြစ်ကာ အသက်30ဝန်းကျင်ခန့် Alphaအမျိုးသားတစ်ယောက်ဖြစ်သည်။လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသူလည်းဖြစ်၏Louအဖေက အဘိုးကြီး၏ရှေ့နေအဖြစ် သက်တမ်းကုန်သည်အထိ အမှုထမ်းခဲ့သူဖြစ်သဖြင့် Louကလည်း Nic၏ ယုံကြည်ရသည့် ရှေ့နေဖြစ်လာခဲ့သည်။

"Lou မင်းပြောကြည့်၊သူတို့ဘက်ကဆက်သွယ်လာလိမ့်မယ် ထင်သလား"

Nicအပြောကို Louလေးလေးနက်နက်ခေါင်းညိတ်သည်။

"သူတို့သေချာပေါက် ဆက်သွယ်လာလိမ့်မယ် Nic"

Louပြောအပြီး ရုံးခန်းထဲမှ လူငါးယောက်လုံး တိတ်ဆိတ်သွားကြပြန်၏Nic၊ဦးမိုးကြိုးနှင့်Louအပြင် ကျန်နှစ်ယောက်မှာ ဦးဝေလနှင့် ဦးမာဒင်ဆိုသူတို့ ဖြစ်သည်။ဦးဝေလက အသားခပ်လတ်လတ်နှင့် ပိန်ပါးသောခန္ဓာကိုယ်အချိုးအစားရှိသူဖြစ်၏Nic၏လောင်းကစားဝိုင်းတွေကို တာဝန်ယူဦးစီးပေးနေသူလည်းဖြစ်သည်။ဦးမာဒင်က အသားညိုညို၊ရုပ်ကြမ်းကြမ်းနှင့် လူဝကြီးတစ်ဦး။ထိုသူကတော့ Nic၏ကျောက်တွင်းတွေကို ဦးစီးပေးနေသူဖြစ်၏

Main(Enemy Of The Mafia Guy)Where stories live. Discover now