Part-37(Uni)

238K 12.8K 6.7K
                                    

Part-37

"မင်းရာ"

"​ဟွန်း!"

"ငါ့သား ဘယ်မှာလဲ"

"ငါ့အိမ်မှာ"

"မင်းနဲ့ငါကြားထဲက ပြဿနာက ငါ့သားနဲ့ မဆိုင်ဘူး"

"မင်းသားနဲ့ ဆိုင်လို့ပဲ မင်းသား ငါ့ဆီမှာ ရောက်နေတာပေါ့"

မင်းရာအသံက သရော်လှောင်ပြောင်မှုတွေပါသည်။ ဒါပေမဲ့ ဒီကောင် ရယ်နေတာမဟုတ်ဘူး။

"မင်း ဘာလိုချင်တာလဲ"

"မင်းတို့ ငါ့ဆီက ယူထားတဲ့ ငါ့နေရာနဲ့ 10နှစ်ဆိုတဲ့ ငါ့အချိန်တွေ"

နေရာက ထားပါ။ အချိန်က ဘာပြန်လုပ်ပေးရမှာလဲ။ သူလုပ်ခဲ့သည့် အပြစ်တွေက တစ်ချိန်မှာ တန်ပြန်သက်ရောက်လာမှာကို သိသည်။ ထိုအတွက်လည်း ပြင်ဆင်ထားပြီးသား။ အခုက သူ မထင်မှတ်တဲ့အချိန်မှာ သူ့သားကို ဓားစာခံလုပ်သွားတာ။ လေပြေ့ကို ဒီရက်ပိုင်း အပြင်မထွက်ဖို့ တားသည်။

ဒီကောင်လေးက တားလို့မရ။ အကုန်အစင် ပြောမပြချင်၍ သတိနှင့် သွားဖို့လာဖို့ ​သေချာမှာထားတာ။ အမေဖြစ်သူကို ပူဆာပြီး ဇွတ်ထွက်သွား၏။ ဇနီးဖြစ်သူက သားအတွက် တစ်ချိန်လုံး ငိုနေသည်။ ကိုယ်တိုင်လည်း ခေါင်းမီးတောက်နေ၏။ တိုင်ပင်စရာဖြစ်သည့် ဝဠာမိုးခြိမ့်ကလည်း အသတ်ခံလိုက်ရပြီ။

"မောင်မောင်ချင်း မင်း ဘာတွေ တွေးနေတာလဲ၊ ငါ့ဆီက မင်းသားကို ဘယ်လိုပြန်ခေါ်ရမယ် ဆိုတာကိုလား"

"မင်း ငါ့သားကို လက်ဖျားနဲ့တောင် မထိမိစေနဲ့...."

"ဟက်! အဲ့ဒါ ငါ့ကို ခြိမ်းခြောက်နေတာလား"

"ဘာကွ!"

"မင်းသားက ငါ့လက်ထဲမှာ မောင်မောင်ချင်း"

"ငါ မင်းလိုချင်သလောက်ပေးမယ် မင်းရာ"

"ဟား....ဟား....ဟား...."

မင်းရာ၏ ဟက်ဟက်ပက်ပက် ရယ်သံက နားထဲ ကျယ်လောင်စွာ။ ရှက်စိတ်ကြောင့် ဦးမောင်မောင်ချင်း မျက်နှာက နီရဲနေ၏။ အသံကြားရုံနဲ့တင် မင်းရာ မျက်နှာပေးကို မြင်ယောင်ကြည့်လို့ရနေ၍။ တစ်ဖက်က လှောင်ရယ်သံရပ်သွားသည်အထိ အံကြိတ်ထားမိစဥ်....

Main(Enemy Of The Mafia Guy)Where stories live. Discover now