Part-41(Uni)

202K 12.5K 5K
                                    

Part-41

ချပ်!

"အယ်! ဒယ်ဒီ"

တံခါးဖွင့်သံကြားတာနဲ့ သားမျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး တတောက်တောက်နှင့် တံခါးဘက်ကို ပြေးတော့၏။ သားကို တီရှပ်အဖြူအပေါ်မှာ ကြိုးသိုင်းပါသည့် ဘောင်းဘီ အသားရောင်လေး ဝတ်ပေးထားသဖြင့် ချစ်စရာလေး ဖြစ်နေသည်။

"သား ဖြည်းဖြည်းသွား ချော်လဲမယ်"

"ဒယ်ဒီ လာပြီ"

အခန်းထဲဝင်လာသည့် သူ့အဖေခြေထောက်အစုံကို ပြေးဖက်ပြီး ခိုစီးထားသဖြင့် အဖေဖြစ်သူကလည်း သူ့သားကို ငုံ့ကြည့်ပြီး သဘောကျနေ၏။ လမ်းလျှောက်တတ်ပြီဆိုကတည်းက သူ့အဖေပြန်လာတိုင်း တံခါး​ဆီ ပြေးကြိုတော့တာ ဖြစ်သည်။ Mainက သူ့ဒူးမှာ တွဲခိုနေသည့် သားခြေထောက်လေးတွေ ပြုတ်ကျတော့မလို ဖြစ်တော့မှ ကောက်ချီကာ....

"ငါ့သားက ဒယ့်ဒီကို မျှော်နေတာပေါ့"

"ဟုတ်!"

"သားက ဒယ့်ဒီကိုချစ်လား"

"ချစ်...."

"ဘယ်လောက်ချစ်လဲ ပြောပါဦး"

"များကြီး...."

"ဒယ့်ဒီနာမည်က ဘယ်သူလဲ"

"Main...."

"သားဖေဖေ နာမည်ကရော"

"ကောင်း...."

"သားနာမည်ကရော ဘယ်သူလဲ ပြောပြပါဦး"

"ဂိတ်!"

"မြန်မာလိုရော ဘယ်လိုခေါ်ရမှာလဲ"

"သော"

"ငါ့သားက တကယ့်ဆရာကြီးပါဆိုကွာ၊ အကုန်သိတယ်"

သားက နှစ်နှစ်ထဲရောက်လာလေ စကားတတ်လာလေ ဖြစ်လာသည်။ Dominant Alphaလေးဖြစ်သဖြင့် သင်သမျှလည်း အကုန်တတ်လွယ်၏။ သားကိုအိပ်ရာအထိ ချီလာတာအကောင်း။ အိပ်ရာပေါ်ရောက်မှ သားကို ဂျွမ်းပစ်ချသဖြင့်....

"အဓိက!"

"ဓိက!"

သားက ကောင်းခေါ်သလို လိုက်ခေါ်နေတာဖြစ်သည်။

"သားက သားဖေဖေခေါ်သလို လိုက်မခေါ်ရဘူး၊ သားဖေဖေက အဘိုးကြီးမလို့ အဲ့လိုခေါ်တာ"

Main(Enemy Of The Mafia Guy)Where stories live. Discover now