Part-24(Uni)

224K 12.5K 8.6K
                                    

Warning:ဒီအပိုင်းကို 18နှစ်မပြည့်ရင် မဖတ်သင့်ပါ။18+ Scenesတွေကို SSရိုက်မတင်ပါနဲ့နော်။

Part-24

"သားကောင်း စားလို့ရပြီ၊ပူတုန်းလေး လာစားလိုက်ပါ၊ပန်းသီးက ကြီးမေလုပ်ပေးထားမယ်"

ကြီးမေက လတ်လတ်ဆတ်ဆတ်ကြော်ထားသည့် ကန်စွန်းရွက်​​ပန်းကန်ကို စားပွဲပေါ်သို့ ချသည်။ပြီးတော့ ကောင်းအတွက် ထမင်းဖြူပါ အဆင်သင့် ခူးပေးနေသဖြင့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရ၏။

"ကောင်း စားချင်တာရှိရင် ကြီးမေကိုပဲ ပြောပါကွယ်၊ကောင်းကိုယ်တိုင် ဝင်မလုပ်ပါနဲ့"

"ရပါတယ် ကြီးမေ၊ကျွန်တော်ပဲ လုပ်ပါ့မယ်"

"ဒါဆိုလည်း အစားကိုတော့ ပုံမှန်စားပါ သားရယ်၊ခုတလော သားကိုကြည့်ရတာ ဖြူဖျော့နေသလိုပဲ၊ဖြစ်ပြီးတာလည်း ဖြစ်ပြီးပြီဆိုတော့...."

"ကျွန်တော် နားလည်ပါတယ်"

ကြီးမေက ကောင်းစိတ်အခြအနေ မကောင်းတာကို နှစ်သိမ့်ပေးနေတာဖြစ်သည်။ဦးသစ်အတွက် စိတ်မကောင်းဖြစ်ရတာအပြင် ဖေဖေကလည်း Mainကို ဒေါသထွက်နေသည်တဲ့။ကောင်းနဲ့ညီ့ကိုလည်း သူထွက်လာတာနဲ့ ပြန်ခေါ်မဲ့အကြောင်း ရှေ့နေကြီးကနေတဆင့် ပြောခိုင်း၏။

ပြီးတော့ ကောင်းကို တားဆေးပုံမှန်သောက်ဖို့နဲ့ Mainကလေးကို လုံးဝ မွေးမပေးဖို့။သူထွက်လာတာနဲ့ Mainကို သတ်ပစ်ဖို့လည်း ပြောသည်။Mainကရော ငြိမ်ခံနေမှာတဲ့လား။Mainနဲ့ဖေဖေ့ကြားမှာ ကောင်းတကယ် စိတ်ညစ်နေရသည်။Main ဦးသစ်ကို သတ်ပစ်လိုက်တာက ဖေဖေနဲ့ ဆက်ဆံရေးကို ပို၍ တင်းမာသွားစေသည်။

Mainကို ဖေဖေ မကျေနပ်တာက ကောင်းတို့ကို ဖမ်ချုပ်ထားရုံတင် မကဘဲ ကောင်းကို လက်ထပ်ယူလိုက်၍။နောက်တစ်ခုက Weddingပြီးပြီးချင်း နောက်တစ်ညမှာပဲ ဦးသစ်ကို သတ်ပစ်လိုက်သည့်ကိစ္စ။ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖေဖေက Mainကို မကျေနပ်။Mainက သူ့ကို တမင်ကြောပြသည်ဟု ထင်သည်။Mainလုပ်ရပ်တွေကလည်း ဖေဖေ့ဘက်ကကြည့်ရင် တစ်မျိုးထင်စရာပင်။

ကောင်းဘက်ကကြည့်ရင်လည်း တစ်ယောက်က မိဘ။နောက်တစ်ယောက်က ခင်ပွန်းဖြစ်သူမို့ ကြားထဲက စိတ်ရှုပ်ရသည်။ကိုယ့်ဆန္ဒအတိုင်းဆို ဖေဖေ့ကိုရော၊Mainကိုရော တစ်ယောက်မှ မထိခိုက်စေချင်။ကောင်း ရှေ့နေကြီးဆီMailပို့၍ ဖေဖေ့အား ပြောခိုင်းခဲ့သည်။ကောင်းကMainကို မျိုးဆက်အတွက် လက်ထပ်ရတာဖြစ်ကြောင်းနှင့် Mainမျိုးဆက်ကို မွေးဖွားပေးချင်သည့်အကြောင်း။

Main(Enemy Of The Mafia Guy)Where stories live. Discover now