Part-29(Zawgyi)

53.4K 1.4K 118
                                    


Warning: 18+ scenesကို SSမရိုက်ပါနဲ့နော်

Part-29

"ခင်ဗျား ပြန်ချင်တာ သေချာလား"

"အင်း....."

"ခင်ဗျားညီကို ဘယ်လိုအသိပေးမှာလဲ"

ကောင်းကို မျက်ခုံးတွေ တွန့်ချိုးပြီး ကြည့်နေ၏။မေးရိုးတွေလည်း တင်းမာနေလျက်။ဆံပင်ပုံစံက ဘေးနားထင်သားတွေ မြင်နေရသည်အထိ တိုရှင်းနေတာမျိုး။အခုပဲ ထပ်ပြီး ပုံသွင်းလာပုံရကာ မျက်နှာက ရှင်းသန့်နေသည်။နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတွေကိုပါ ရိတ်သင်လာသဖြင့် မေးရိုးတစ်လျှောက် စိမ်းမြနေသေး၏။

"ကျုပ်ဆံပင်ညှပ်လာတာ၊ ဘယ်နေရာက ထူးဆန်းနေလို့လဲ"

ကောင်းမျက်နှာ ရဲခနဲဖြစ်သွား၍ သူ့ဆီက အကြည့်လွှဲလိုက်ရသည်။ပြီးမှ....

"မင်း ရေအရင် သွားချိုးလိုက်ပါ"

Mainက ရေချိုးခါနီးမို့ အပေါ်ပိုင်းဗလာနှင့်ဖြစ်ကာ ခါးမှာ တဘတ်အဖြူတစ်ထည် ပတ်ထား၏။Gymဆော့ထားသဖြင့် ရင်အုပ်ကျယ်တွေက ချွေးကြောင့် ပြောင်တင်းနေသည်။Mainအသားအရည်က တအားမညိုသော်လည်း ဖြူဖွေးနေတာမျိုးလည်းမဟုတ်ပါ။

လက်ပြင်နှင့် ရင်အုပ်ကြွက်သားတွေက ကျယ်ပြန့်လွန်းသဖြင့် အဝတ်မကပ်လျှင် ပို၍ သိသာထင်ရှား၏။ခန္ဓာကိုယ် ထွားကျိုင်းပုံသည် အရပ်ကပြောလောက်အောင် မြင့်နေတာကြောင့်သာ အကြည့်ရ ဆိုးမသွားတာ ဖြစ်သည်။သူ့အရပ်က Dominant Alphaတွေထဲ အမြင့်ဆုံးစာရင်းဝင်ထဲ ပါလောက်မည်ထင်၏။

"ကျုပ်ကို မမြင်ဖူးဘူးလား၊ကျုပ်ပုံစံက ဘယ်လိုဖြစ်နေလို့လဲ"

ပြောပြီး သူ့ကိုယ်သူလည်း ငုံ့ကြည့်လိုက်သေးသည်။ခါးမှာပတ်ထားသည့် တဘတ်က လျော့တိလျော့ရဲ ဖြစ်နေသဖြင့် V lineကလည်း ထင်းထင်းကြီး မြင်နေရ၏။ထိုအခါမှ ခါးကတဘတ်ကို ပြန်ပြင်ပတ်ရင်း ကောင်းအနားလျှောက်လာ၍....

"ကလေးအကြောင်း ခင်ဗျားညီကို ဘယ်လိုဖွင့်ပြောမှာလဲ မေးနေတာ"

"အဲ့ဒါက...."

"ပြောပါဦး၊နားထောင်ကြည့်ရအောင်"

"ညီ့ကို အချိန်ယူပြီး နားလည်အောင် ပြောပြရမှာပေါ့...."

"ခင်ဗျားဗိုက် ထွက်လာရင် ခင်ဗျားညီ သိသွားမှာပဲ၊အဲ့ဒါကိုရော စဉ်းစားမိရဲ့လား...."

Main(Enemy Of The Mafia Guy)Where stories live. Discover now