Part-31(Zawgyi)

52.5K 1.4K 124
                                    

Part-31

"Main ဘယ်မှာလဲ"

"သူ့အခန်းမှာ ရှိပါတယ် ကိုကောင်းခြင်း တက်သွားလိုက်ပါ"

"သူဒီနေ့ အပြင် မသွားဘူးလား"

"မသွားပါဘူး"

ပြောပြီး ညမိုက်က မျက်လွှာချသွားသည်။ညမိုက်ကိုကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပင်။Mainမဟုတ်တာ တစ်ခုခု လုပ်ထားလို့များလား။ကောင်း အပေါ်ထပ်တက်လာသည်အထိ ညမိုက်က မျက်လွှာချထားပြီး ငြိမ်သက်နေဆဲ။

ညမိုက်ကိုက ဒီဘက်အိမ် လာမှသာ တွေ့ရတတ်သဖြင့် ကောင်းနှင့် အနည်းငယ်စိမ်းသက်သည်။စိုင်းလုံက Mainဘယ်သွားသွား ပါသူမို့ ညမိုက်ထက်တော့ ပိုရင်းနှီးမှုရှိ၏။ဖိုးခွားကတော့ ကောင်းကို အနီးကပ်စောင့်ရှောက်ပေးသူဖြစ်သဖြင့် သူတို့သုံးယောက်ထဲ ကောင်းနှင့် အရင်းနှီးဆုံးဟု ပြောလို့ရသည်။

ကောင်း အခန်းထဲရောက်တော့ Mainကိုမတွေ့ရ။သူ့အိပ်ရာမှ Pheromoneရနံ့သည် ပုံမှန်ထက်ပြင်းပြနေတာကို သတိထားလိုက်မိ၏။ရေချိုးခန်းဘက်က ရေသံတစ်ချို့ကြားရသဖြင့် အိပ်ရာကနေပဲ ထိုင်စောင့်နေလိုက်သည်။အတော်ကြာသည်အထိ ရေကျသံတွေ အဆက်မပြတ်ကြားနေရပြီး ရေပိတ်သံလည်းမကြားရ။လူကလည်း ထွက်မလာ။

Mainရေချိုးတာ ဒီလောက်အထိ တစ်ခါမှ မကြာတတ်သဖြင့် ရေချိုးခန်းဘက် ထွက်လိုက်လာလိုက်လျှင် အေးစက်ခြောက်သွေ့သော သစ်သားရနံ့ ခပ်ပြင်းပြင်းကို အရင်ရှူရှိုက်မိသည်။ထိုရနံ့ကြောင့် ကောင်းတစ်ကိုယ်လုံး တုန်ယင်လာပြီး အားအင်တွေလည်း ချက်ချင်း ဆုတ်ယုတ်သွားလျက် ကြမ်းပြင်ပေါ် လဲကျသွား၏။

Main Rut Circle။Mainအပြင်မထွက်တာ ဒါကြောင့်များလား။Mainက ရေပန်းအောက်မှာ ဝစ်လစ်စလစ်ဖြင့် နံရံကိုလက်ထောက်ပြီး ကျောပေးအနေအထားဖြင့် ရပ်နေသည်။လှုပ်ရှားနေသော ကျောပြင်ကို ကြည့်ရုံနဲ့ ခက်ခက်ခဲခဲ အသက်ရှူနေတာမှန်း သိသာ၏။တစ်ကိုယ်လုံးလည်း သိသိသာသာ တုန်ယင်နေလျက်။

ကောင်းဗိုက်ထဲ ကလေးရှိနေသဖြင့် Mainအလိုကို မလိုက်ချင်။ထို့ကြောင့် ကောင်း Pheromoneရနံ့ကို သူ့ဆီရောက်မသွားအောင် ထိန်းချုပ်၍ ထရပ်ဖို့ ကြိုးစားပေမယ့် မရ။ထို့ကြောင့် တရွတ်တိုက် အနေအထားဖြင့် အခန်းပြင်ကို ထွက်ဖို့လုပ်လိုက်သည်။ကောင်း လှည့်ထွက်သည်အထိ ရေကျသံက ကြားနေရဆဲ။

Main(Enemy Of The Mafia Guy)Where stories live. Discover now