Part-25(Uni)

203K 13.5K 5.7K
                                    

Part-25

"အဲ့ဒီအဆောက်အဦးနဲ့ အနီးဆုံးမှာ Clubတစ်ခုရှိတယ် ကိုMain၊သူနဲ့ မျက်နှာချင်းဆိုင် အဆောက်အဦးမှာ စနိုက်ပါသမားရှိ‌နေတယ်လို့ ယူဆပါတယ်၊စနိုက်ပါ သမားက အဲ့ဒီကနေ လှမ်းပစ်ပုံရတယ်"

နည်းပညာသမား ကိုဝိတ်က သူ့ထင်မြင်ချက်ကို ပြောပြနေတာဖြစ်သည်။ပထမ သူတို့လွှတ်လိုက်သည့် လူနှစ်ယောက်လုံးက အဆောက်အဦးထဲ မရောက်ခင်မှာပဲ ပစ်သတ်ခံလိုက်ရသဖြင့် Mainကိုယ်တိုင် သွားဖို့ ဖြစ်လာခဲ့သည်။

"ကလေးရှိနေတဲ့ အဆောက်အဦးထဲ CCTVရှိမရှိ တစ်ချက်စစ်ကြည့်"

ဝိတ်ခေါင်းညိတ်၍ လက်ကလည်း keyboardကို တစ်‌ဖျောက်ဖျောက်မြည်အောင်ရိုက်သည်။

"ရှိတယ် ကိုMain၊အနောက်ဘက်မှာ ပိုများတယ်၊လူအင်အားကို အနောက်မှာသိပ်ဖြည့်မထားတော့ CCTV များများတပ်ထားတယ် ထင်ပါတယ်၊ဒါကြောင့် ခြံအနောက်က ဝင်လိုက်တာ ပိုကောင်းလိမ့်မယ်"

Mainခေါင်းညိတ်သည်။

"ကလေးကို ခေါ်လာပြီဆိုတာနဲ့ ထွက်ပေါက်ရှာတွေ့ဖို့က အရေးကြီးလာပြီ၊မင်းက အတတ်နိုင်ဆုံး သူတို့Codeကိုဖျက်ပြီး ငါဖောက်ထွက်လို့ရအောင် အားစိုက်ပါ"

"စိတ်ချပါ ကိုMain"

"Main ဂရုစိုက်၊အဲ့ဒီအဆောက်အဦးကနာမည်ကြီးတယ်၊ဘယ်လိုပဲဖြစ်ဖြစ်ပါ အပြင်ရောက်အောင် ဖောက်ထွက်နိုင်ရင်ရပြီ၊အပြင်ရောက်တာနဲ့ ကိုယ့်လူတွေ ရှိနေမှာပဲ"

Main ခေါင်းညိတ်၍ အခန်းပြင်ထွက်လာသည်။စိုင်းလုံက အပြင်ကစောင့်နေမှာမို့ Mainနောက်က ပါလာသည်။ရန်သူ့နယ်မြေထဲ ရောက်လာတော့ ကားကို ဂရုစိုက်မောင်းရ၏။ညနေစောင်း အချိန်မို့ Clubရှိရာ အဆောက်အဦး၏ ပါကင်အတွင်းသို့ ကားတွေ တဖွဲဖွဲရောက်လာ၏။သူတို့ရောက်နေတာက တခြားအဆောက်အဦးတစ်ခုမှာ ဖြစ်သည်။

"စနိုက်ပါသမားရှိနေတဲ့ အဆောက်အဦးက Clubနဲ့မျက်နှာချင်းဆိုင်က အဆောက်အဦးထင်တယ် ကိုMain"

စိုင်းလုံပြောတာကို နားထောင်ရင်း Mainက Tictical Holsterကိုယူ၍ သူ့ခါးမှာ ပတ်သည်။ပြီးတော့ ပေါင်တစ်ဖက်မှာ ကြိုးကိုသိုင်း၍ ခါးပတ်ခေါင်းပါ တစ်ခါတည်းတပ်၏။

Main(Enemy Of The Mafia Guy)Where stories live. Discover now