Part-26(Uni)

212K 12.7K 5.6K
                                    

Warning : ဒီအပိုင်းကို 18နှစ်မပြည့်သေးသူများ မဖတ်သင့်ပါ။18+ scenesတွေကို SSရိုက်မတင်ပါနဲ့နော်။

******

Part-26

ကောင်းနိုးလာတော့ Mainက အနားမှာမရှိ။ပတ်ဝန်းကျင်ကို သေချာအကဲခတ်ကြည့်မှ Mainအရင်အိမ်ကို လိုက်လာခဲ့တာမှန်း သတိပြန်ရသည်။သူက အမြဲတမ်း ကောင်းထက် အရင်နိုးသူဖြစ်ပြီး မနက်တိုင်း Gymဆော့တာလည်း တစ်ရက်မှ မပျက်ကွက်တတ်သူ။ကောင်းရေအရင်ချိုးပြီး တစ်ခုခုစားဖို့အတွက် အပြင်သို့ ထွက်လာလိုက်လျှင် နှာခေါင်းထဲ Omega Pheromoneရနံ့က အရင်တိုးဝင်လာ၏။

နွေဦးပန်းရနံ့ဖြစ်နေ၍ စိတ်ထဲတစ်မျိုးဖြစ်သွားကာ ဧည့်ခန်းကို လှမ်းကြည့်မိတော့ ထင်သည့်အတိုင်း နွေဦးလေပြေဖြစ်နေသည်။သူကလည်း ကောင်းကို အမှတ်မထင် တွေ့လိုက်ရ၍ အံ့ဩသွားပုံရကာ မတ်တပ်ထရပ်သည်။ထို့နောက် ကောင်းကို လှောင်သလိုကြည့်ပြီး ဆိုဖာမှာ ခြေချိတ်၍ ကျကျနန ပြန်ထိုင်သည်။

ကောင်းရင်ထဲ တွေးစရာတွေ ရှိနေသဖြင့် အနားရောက်သည်အထိ မထိုင်နိုင်သေး။နွေဦးလေပြေက ဘယ်လိုလုပ် ဒီအိမ်ကို ရောက်လာတာလဲ။Mainနဲ့ကရော ဘယ်လိုဆက်ဆံရေးမျိုး ရှိနေသေးလို့လဲ။သူတို့ပတ်သတ်မှုက ခုချိန်ထိ ဘယ်လိုမျိုးလဲ။

ခေါင်းထဲမှာ မေးခွန်းများစွာ ရှိနေပြီး ရင်ဘတ်တစ်ခုလုံးလည်း တင်းကျပ်လာရသည်။နွေဦးလေပြေက ကောင်းမျက်နှာပျက်နေတာကို အကဲခတ်မိပုံရကာ လှလှလေး ပြုံး၏။ပြီးမှ...

"ကိုကို မရှိရင် ပြန်တော့မယ်"

"ခဏနေဦး နွေဦးလေပြေ"

ကောင်းပြောတော့ ဆိုဖာကို ခပ်နွဲ့နွဲ့မှီထိုင်၍.....

"ခင်ဗျားနဲ့ ပြောစရာမရှိဘူး၊လေပြေက ကိုကို့ဆီ လာတာ"

ကောင်းသူ့ကို သေချာစိုက်ကြည့်တော့ မျက်ခုံးပင့်ပြပြီး ခနဲ့သလို ပြုံးသည်။

"Mainနဲ့မင်းက ဘယ်လိုပတ်သတ်မှုမျိုးလဲ"

"ကိုကို့နဲ့လေပြေ့ကြားက ဆက်ဆံရေးကို ခင်ဗျားက ဘယ်လိုထင်နေလို့လဲ"

"ငါ ဘယ်လိုမှ မထင်တတ်လို့ မေးနေတာ နွေဦးလေပြေ၊ခုချိန်မှာ Mainက ငါ့ယောကျ်ား!"

Main(Enemy Of The Mafia Guy)Where stories live. Discover now