Part-33(Uni)

221K 13.1K 8.4K
                                    

Part-33

Rest In Peace

Htet Tuu Nyi Say
Age - 21

ညီ့နာမည်လေးက စွတ်စွတ်ဖြူနေသော အုတ်ဂူပေါ်တွင် သေသပ်စွာ ထွင်းထုထားလျက်။ ပတ်ဝန်းကျင်ကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေသော်လည်း ကောင်းရင်ထဲ ပူလောင်နာကျင်နေ၏။

Rest In Peace

U Min Thit
Age - 48

ညီ့အုတ်ဂူနှင့် ဦးသစ်အုတ်ဂူက ယှဥ်လျက် ရှိနေသည်။ကောင်းကိုယ်ပေါ်မှာ ခြုံထားသည့် Long Coatကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း ဦးသစ် အုတ်ဂူပေါ်သို့အနက်ရောင်နှင်းဆီတစ်စည်း အရင်ချပေးလိုက်၏။

"ဖေဖေ့ကိုယ်စား ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့လို့ ဦးသစ်ကို ကျေးဇူးတင်ပါတယ်...."

ကောင်းနှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် ဖိုးခွားက ကောင်းအနားရောက်လာပြီး နောက်ထပ် ပန်းတစ်စည်းနှင့် Vanillaရနံ့ ရေမွေးပုလင်းလေး ထပ်ပေးလာသည်။ကောင်း ညီ့အုတ်ဂူဆီ ပြန်သွားပြီး အုတ်ဂူပေါ်သို့ မည်းနက်နေသော နှင်းဆီပန်းတစ်စည်းနှင့် Vanillaရနံ့ ရေမွှေးပုလင်းလေး ချပေးလိုက်၍....

"ညီက Vanillaရနံ့ ရေမွှေးကြိုက်တယ်လေ၊ကိုကို ယူလာခဲ့တယ်နော်"

ကောင်းPheromoneက Vanillaပန်းရနံ့ဆိုတော့ သူလည်း ထိုရနံ့ရချင်သည်တဲ့။ ညီက ကောင်းကိုပဲ တစ်လျှောက်လုံး ကြည့်လာခဲ့သူမို့ ကောင်းကို သူ့အပိုင်ဟု သတ်မှတ်ခဲ့တာ ဖြစ်သည်။ ကောင်းကလည်း သူဖြစ်ချင်သမျှ ဖြစ်ပေးခဲ့တာများပါသည်။ စေတနာ အမှားတွေ ဖြစ်သွားခဲ့ပုံပါ။

ကိုကို ခုချိန်ထိ မယုံနိုင်သေးဘူး ညီ။ညီ အခုလိုမျိုး စောစော ထွက်သွားလိမ့်မယ်ဆိုတာကို ကိုကို လက်မခံနိုင်သေးဘူး။ ညီ့အုတ်ဂူကို မြင်နေရတာတောင် ကိုကို လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ညီ့လုပ်ရပ်တွေအတွက် ညီ့ကို ကိုကို စိတ်ဆိုးခဲ့တယ်။ အခုလိုမျိုး ဖြစ်သွားဖို့အထိတော့ ကိုကို အသည်းမမာပါဘူးညီရယ်။

"ညီ ကောင်းကင်ဘုံမှာ ရှိနေတယ် မလားဟင်၊ကိုကို့အပေါ်မှာ ညီမှားခဲ့တာတွေရှိရင် ကိုကိုက ခွင့်လွှတ်တယ်နော်"

Main(Enemy Of The Mafia Guy)Hikayelerin yaşadığı yer. Şimdi keşfedin