ဇာတ်လမ်းမိတ်ဆက်

220K 9.8K 2K
                                    

Alpha - Main/အဓိက
လူမျိုး - (စပိန်-မြန်မာကပြား/Fernandez(ဖာနန်ဒက်ချ်)မိသားစုကြီး၏ တစ်ဦးတည်းသော အမွေဆက်ခံသူ)
Alpha Pheromone - Incense Wood(ပြင်းပြသောသစ်သားရနံ့)

******

Omega - ကောင်းခြင်းတည်စေ
လူမျိုး - ဗမာ/100% မြန်မာ(Programmer)
Omega Pheromone - Vanilla Orchid(ဗင်နီလာသစ်ခွပန်းရနံ့)

******

'Main'

"ကျုပ်နာမည် 'Main' မြန်မာလိုခေါ်ချင်ရင် 'အဓိက' "

သူ့အသက်12နှစ်အရွယ်မှာပဲ မိသားစုကြီး၏တာဝန်အားလုံးကို ထမ်းစောင်ရဖို့ဖြစ်လာခဲ့တယ်။ဘဝရဲ့အချိုးအကွေ့၊အလှည့်အပြာင်းတွေဟာ မြေအောက်လောကသားတွေအတွက် ထူးဆန်းမနေဘူး။ဒီသဘောတရားကို ကောင်းကောင်းနားလည်သဘောပေါက်တဲ့သူ့အတွက် နောက်ထပ်10နှစ်ကြာတဲ့အခါမှာ သူ့မိဘတွေရဲ့သွေးကြွေးကိုပြန်ဆပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။သူ့ရန်သူတော်တွေထဲ ပထမဆုံးသူ့ပစ်မှတ်ဖြစ်လာသူက မြန်မာပြည်ရဲ့နာမည်ကြီး Programmerတစ်ဦးဖြစ်တယ်။အဲ့ဒီလူက သူ့ကိုယ်သူBetaတစ်ယောက်လို့​လည်း ပြောထားသေးတယ်။

******

'ကောင်းခြင်းတည်စေ'

နာမည်ကြီးကုမ္ပဏီတစ်ခုမှာ Programmerအဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူက တစ်ရက်မှာတော့ Mafiaခေါင်းဆောင်ရဲ့ ရန်သူတော်တွေထဲက ပထမဆုံးပစ်မှတ်ဖြစ်လာခဲ့တယ်။ဒါဟာ သူမျှော်လင့်ထားပြီးသားအကြောင်းအရာဆိုပေမဲ့ ဘယ်လိုကြိုတင်ကာကွယ်ထားရမယ်ဆိုတာကိုတော့ သူမသိဘူး။သူကကွန်ပျူတာပဲ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်တာ။သူ့အသက်15နှစ်မှာကတည်းက programတွေကိုကောင်းကောင်းရေးတတ်နေပြီ။Mafiaကောင်ရဲ့လက်ကနေ လွတ်အောင်ပြေးနိုင်မယ့် Programကိုတော့ သူမရေးနိုင်။ပြီးတော့အဲ့ဒီMafiaကောင်က Dominate Alphaတွေထဲမှာ အမြင့်ဆုံးLevelတစ်ခုဖြစ်တဲ့ 'Level 0' အဆင့်ရှိတဲ့ Alphaတစ်ယောက်လည်းဖြစ်နေသေးတယ်။နောက်ထပ်အရေးကြီးတာတစ်ခုက သူOmegaတစ်ယောက်ဆိုတာကို အဲ့ဒီAlphaကောင် သိလို့မဖြစ်။

Main : ဒါနဲ့Vanillaပန်းရနံ့က ဘယ်ကောင့်ဆီကရနေတာလဲ(မျက်မှောင်ကြုတ်ထား)

ကောင်းခြင်းတည်စေ : မသိဘူး(ဂုတ်ပိုးကိုစမ်းကြည့်ပြီး ခပ်တည်တည်လုပ်နေ)

Main(Enemy Of The Mafia Guy)Where stories live. Discover now