Part-6(Uni)

145K 9.4K 2.7K
                                    

Note: ❗️ABO Worldနဲ့ပတ်သတ်ပြီး စာရေးသူ၏ ကိုယ်ပိုင်Ruleနဲ့ ရေးသားခြင်း ဖြစ်တဲ့အကြောင်းပြောချင်ပါတယ်။(ဥပမာ-Dominate Alphaဆိုတာ အခြေံသဘောတရားထဲမှာပါပေမယ့် Level 0 ဆိုတဲ့သက်မှတ်ချက်က စာရေးသူကိုယ်တိုင် ဖန်တီးထားတဲ့ သတ်မှတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်)။ဒါကြောင့် အခြေခံသဘောတရားကလွဲရင် တခြားအကြောင်းအရာများသည် ကိုယ်ပိုင် Ruleဖြင့် ရေးသားခြင်းဖြစ်ပါတယ်ရှင်။(ရှေ့အပိုင်း/နောက်အပိုင်းအားလုံး)

******

Part-6

"ဦးမင်းသစ်တို့ရောက်လာပါပြီ Boss"

"အထဲကို ခေါ်လာခဲ့"

မကြာခင် ကွန်ပျူတာခန်းထဲသို့ မင်းသစ်နှင့် ကောင်လေးတစ်ယောက်ဝင်လာ၏ဦးအောင်ခြိမ့် ကောင်လေးကို ခေါင်းအစ၊ခြေအဆုံး သေချာအကဲခတ်ကြည့်လိုက်သည်။ကောင်လေးမှာ ဖြူဖွေးကြည်လင်သော အသားအရည်နှင့် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်ရှိ၏ဝတ်ဆင်ထားသည့် အနောက်တိုင်းSuitကလည်း သူ့နေရာနဲ့သူFitဖြစ်နေသည်။

မျက်လုံးတွေနက်ရှိုင်းပြီး မျက်နှာထားတည်ကြည်သူဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိသာနေတာမျိုး။ထိုကောင်လေးမှာ နာမည်ကြီး Programmerတစ်ယောက်၏ အရှိန်အဝါအပြင် တခြားခမ်းနားထည်ဝါခြင်းတစ်မျိုးမျိုးလည်း ကိန်းအောင်းနေသလိုပင်။

မင်းရာသားဆိုတာနဲ့ လူချောတစ်ယောက် ဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကြိုတင်ခန့်မှန်းထားပြီးသားပါ။ဒါပေမဲ့ ဒီလောက်ထိ ပြီးပြည့်စုံနေတဲ့ ကိုယ်ဟန်အနေအထားမျိုး ရှိနေလိမ့်မယ်လို့တော့ မထင်ထားတာအမှန်။သာမန် Betaအမျိုးသားတစ်ယောက်မှာ ခမ်းနာထည်ဝါခြင်းတွေရှိနေတာ နှမြှောစရာပဲ။

ယနေ့ခေတ်Betaများသည် ထိပ်တန်းအဆင့်Alphaများကြားတွင် Dominate Omegaတွေလောက် အရေးပေးခြင်းမခံရပေ။Betaများသည် Dominate Alphaများအတွက် အနာဂတ်မျိုးဆက်သစ်ကို မွေးဖွားမပေးနိုင်သောကြောင့်။ထို့ကြောင့် Betaများသည် ထိပ်တန်းအဆင့်Alphaများ၏ ကြင်ယာအဖြစ်စိတ်ကူးယဥ်ခွင့်တောင် မရှိတော့ချေ။

"မင်းနာမည် ကောင်းခြင်းတည်စေနော်"

"ဟုတ်ပါတယ်"

Main(Enemy Of The Mafia Guy)Where stories live. Discover now