Part-36(Uni)

241K 12.9K 5.9K
                                    

Part-36

ဆေးရုံ၏ Private အခန်းထဲမှာမို့ တိတ်ဆိတ်ငြိမ်သက်နေလျက်။ ဦးမိုးကြိုးက ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးမောကြည့်နေ၏။ ဦးမိုးကြိုးသည်လည်း 60ဝန်းကျင်ရောက်နေပြီမို့ ဇရာကို အံမတုနိုင်။ ဆံပင်တစ်ချို့က ဖြူနေခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ရှိရင်းစွဲ အရှိန်အဝါကတော့ နည်းနည်း‌လေးမှ လျော့မသွား။

ဦးမိုးကြိုးက ခုတင်ပေါ်မှာ လှဲအိပ်နေသည့် စိုင်းလုံဘက်သို့ လှည့်လာ၏။ စိုင်းလုံလက်မှာ ပတ်တီးနှင့်ဖြစ်ပြီး မျက်နှာကလည်း ညိုမဲ ဖူးယောင်နေသေးသည်။ ဆေးရုံက ခြံထဲမှာပဲမို့ ထိခိုက်ဒဏ်ရာရလာသူအားလုံး ကိုယ့်ဆေးရုံနဲ့ကိုယ် ဆေးကုသခွင့်ရကြတာ ဖြစ်သည်။ စိုင်းလုံက လက်ကျိုးသွားခဲ့ပေမဲ့ လက်ရုံးတွေထဲ ဆေးကုသခွင့် မရလိုက်သူက ဖိုးခွား။

"မင်းလက်က ပတ်တီးမဖြည်မချင်း အဲ့အတိုင်းနေရမယ်ထင်တယ်"

"ရပါတယ် ဘဘ၊ တိုက်ခိုက်ရင်း စိတ်လောနေတော့ ကျွန်တော့လက် ကျိုးသွားမှန်းတောင် မသိဘူး"

"ဖိုးခွားကရော ဘယ်လိုဖြစ်သွားတာတဲ့လဲ...."

"အိမ်ပေါက်ကွဲသွားတော့ ဖိုးခွားလိုက်သွားတယ် ဘဘ၊အဲ့ဒီနေရာမှာ ကြေးစားခေါင်းဆောင်နဲ့ တိုက်ခိုက်တယ်လို့ သိရပါတယ်"

စိုင်းလုံအသံက အက်ကွဲနေသည်။ ဦးမိုးကြိုးရော စိုင်းလုံရော မျက်နှာပျက်နေကြပြီး ဦးမိုးကြိုးမေးရိုးတွေက တင်းနေ၏။ သူ့အိမ်ကိုဆုံးရှုံးလိုက်ရသည့်အပြင် ဖိုးခွားကိုပါ ဆုံးရှုံးလိုက်ရ၍။ စိုင်းလုံရော ဖိုးခွားရော သူခေါ်လာခဲ့သည့် ကလေးတွေ။ နောက်ပြီး လက်ရုံးရည်ရော၊နှလုံးရည်ပါ ပြည့်ဝကြသည့် ကလေးတွေ။

ဖိုးခွားက စိုင်းလုံထက် မျက်နှာချိုပြီး စိတ်ဓာတ်ကလည်း စိုင်းလုံထက် ပျော့ပျောင်းသူ ဖြစ်၏။။ Mainအပေါ် သခင်တစ်ယောက်လိုရော၊ခေါင်းဆောင်တစ်ယောက်လိုရော သစ္စာစောင့်သိသူဖြစ်သည်။ ကောင်လေးအပေါ်လည်း နားလည်အပေးနိုင်ဆုံးသူဖြစ်၍ Main၏ ဒဏ်ပေးခြင်းကို မကြာခဏ ခံရသူ။ ဒီကနေ့ကစပြီး ဖိုးခွားကို သူတို့ ထပ်မတွေ့နိုင်တော့ပေ။

Main(Enemy Of The Mafia Guy)Where stories live. Discover now