Part-2(Zawgyi)

50.2K 1.3K 13
                                    

တိတ်ဆိတ်ငြိမ်သက်
သော ပတ်ဝန်းကျင်၏အနေအထားမှာ ရေစက်တစ်ပေါက်ကျသည့်အသံကိုပင် ကြားနိုင်၏ချောင်းစပ်တစ်နေရာတွင် စနိုက်ငှက်တစ်ကောင်ကျက်စားနေတာတွေ့သည်။အဝေးကြည့်မှန်ပြောင်းကနေတဆင့် ပစ်ကွင်းထဲကိုဝင်လာသည့် စနိုက်ကို Main သေချာချိန်ရွယ်ထားလိုက်၏စနိုက်က ငါးတစ်ကောင်ကို သူ့နှုတ်သီးဖြင့် ကောက်ယူလိုက်တာ မျက်တောင်တစ်ခတ်ပင်မကြာလိုက်။စနိုက်ငှက်၏နှုတ်သီးက 10လက်မလောက်အထိရှည်လျားတာဖြစ်သည်။

Main စနိုက်ငှက်တွေရဲ့ သဘာဝကိုလေ့လာခဲ့ရတာ 3ရက်တိတိ။ဒီနေ့မှကိုယ်တိုင်ကိုယ်ကျ ပစ်ခွင့်ရတာဖြစ်သည်။စနိုက်ငှက်နှင့် Mainအကွာအဝေးက မီတာ100လောက်ရှိမည်ထင်၏စနိုက်တွေက ဆောင်းတွင်းပိုင်းမှာ ပိုမိုကျက်စားလေ့ရှိသဖြင့် ခုချိန်က မိုးဦးကျမို့ တစ်ကောင်တလေသာတွေ့ရတတ်တာမျိုး။

ထို့ကြောင့် Mainအဖို့ ရသည့်အခွင့်အရေးကို အမိအရအသုံးချဖို့ဖြစ်လာသည်။Mainနေရာမှာ မလှုပ်မယှက်ဝပ်နေခဲ့တာ 2နာရီကျော်လာခဲ့ပြီဖြစ်သည်။သူ့ကိုဘဘ ပြောထားဖူးတာရှိသည်။'USက စနိုက်ပါတပ်သားတစ်ယောက်ဆိုရင် တစ်ဖက်ရန်သူရဲ့အရိပ်အခြေကို မလှုပ်မယှက်စောင့်ကြည့်ခဲ့ရတာ လေးရက်တိတိMain၊စနိုက်ပါသမားဆိုတာက သူ့တပ်တစ်ခုလုံးမှာ အရေးပါဆုံးတပ်သားကွ၊လွယ်လွယ်နဲ့ ဖြစ်ခွင့်ရတာမျိုးမဟုတ်ဘူး'တဲ့။

Mainသေနတ်စပစ်တာက 9နှစ်သားအရွယ်ကတည်းကမို့ သေနတ်တစ်ခုချင်းစီရဲ့ ပစ်ခတ်နည်း၊ကိုင်တွယ်ရှင်းလင်းနည်းတွေကို အကုန်နားလည်သည်။သေနတ်တစ်လက်ကိုကြည့်လိုက်တာနဲ့ ဘာအမျိုးအစားဆိုတာကအစ Mainအတပ်သိ၏စနိုက်ပါရိုင်ဖယ်အမျိုးအစားတွေဆိုလည်း သူမသိတာမရှိ။သူ့လက်ထဲမှာ ကိုင်ထားသည့်ရိုင်ဖယ်က အကွာအးမီတာ1500လောက်အထိ ပစ်ခတ်နိုင်သော M 24 ရိုင်ဖယ်သေနတ်အမျိုးအစားဖြစ်၏အလေးချိန်က16ပေါင်လောက်ပဲရှိသဖြင့် ပေါ့ပါးပြီးပစ်မှတ်ကို တိတိကျကျချိန်ဆပေးနိုင်သည့်သေနတ်မျိုးဖြစ်သည်။

Mainအသက်ရှူသံကို လျှော့ချလိုက်ပြီး သစ်ရွက်လှုပ်သံနှင့် ချောင်းရေစီးသံတို့ကို နားစွင့်ထားလိုက်၏ထို့နောက် ပစ်ကွင်းထဲမှ စနိုက်၏ လှုပ်ရှားမှုကိုအသေးစိတ်လိုက်မှတ်နေလိုက်သည်။ထို့နောက်အာရုံကို စနိုက်ငှက်၏လှုပ်ရှားမှုအပေါ်မှာဘဲ အပြည့်အဝထားလိုက်ကာ ခလုတ်ကိုလျှပ်တပြတ်ဆွဲချလိုက်လျှင်

Main(Enemy Of The Mafia Guy)Where stories live. Discover now