Part-30(Uni)

195K 12.5K 5.7K
                                    

Part-30

"ညီ...."

ကောင်းခေါ်တော့ ညီ့မျက်လုံးတွေ တစ်ချက်လှုပ်ရှားသွားပြီး အိပ်ရာပေါ် ထိုင်နေရင်းကနေ ထရပ်သည်။ကောင်းအနောက်မှာ ပါလာသည့် Mainကိုကြည့်ပြီး ကောင်းကို တစ်ခုခုပြန်ပြောဖို့ ရှိန်နေပုံရသည်။ညီ့ပုံစံက ဖြူဖျော့နေပြီး နည်းနည်းလည်း ပိန်သွားသလိုပါ။

"ညီ ကိုကိုလေ...."

"ကိုကိုက ညီ့ကို ထားခဲ့တာ မဟုတ်ဘူးလား၊ငါမင်းကို နေ့တိုင်း မျှော်နေခဲ့တာ"

ညီ့အသံက တုန်ယင် အက်ကွဲနေ၏။ကောင်းကိုကြည့်ပြီး လက်ရှိအခြေအနေကို ယုံရခက်နေသလိုလို။ကောင်းကို နေ့တိုင်းမြင်နေရာကနေ ရုတ်တရက်ကြီး ပျောက်သွားတော့ သူ့ကို ထားသွားသည်ဟု ထင်နေပုံပင်။

"ကိုကိုက ညီ့ကို မချစ်တော့ဘူး ထင်နေတာ၊ကိုကိုက ညီ့ကို ထားပစ်ခဲ့တာ မဟုတ်ဘူးပေါ့"

"မဟုတ်ဘူးညီ၊ကိုကို ညီ့ကို မထားခဲ့ပါဘူး၊ကိုကို ဘယ်မှ ထပ်မသွားတော့ဘူးနော်"

ကောင်း ညီ့ကိုယ်လေးကို ကျစ်နေအောင် ဖက်တွယ်လိုက်မိ၏။မျက်ရည်ကလည်း ဘယ်လိုမှ ဆက်ထိန်းမထားနိုင်တော့။ညီကလည်း ကောင်းကို ပြန်ဖက်ထားရင်း ငိုနေ၏။ကောင်းပျောက်သွားတာကို မေးချင်တာတောင် ညီ့မှာ အပြင်ထွက်ခွင့်မရှိတော့ ကြီးမေနဲ့လည်း မတွေ့ရပေ။

ကောင်းစိတ်ထဲ ညီ့အပေါ် တာဝန်မကျေသလို ခံစားနေရ၏။ညီ့ကို အကြာကြီး ထားခဲ့လိုက်မိတာ။Mainက ကောင်းကို အားလုံးနဲ့အဆက်အသွယ်ပြတ်စေချင်သဖြင့် ဖုန်းကိုင်ခွင့်တောင် မပေးခဲ့။ထို့ကြောင့် ကောင်း ဟိုမှာနေခဲ့စဥ်တစ်လျှောက်လုံး အကျဥ်းချခံထားရသလိုပင်။ညီနဲ့ ဆက်သွယ်ခွင့်မရသည့်အပြင် ညီအစားပုံမှန်စားရဲ့လားဆိုတာတောင် မသိခဲ့ရ။

"ကိုကို ညီ့ဆီ ဘာလို့ မလာတာလဲ"

"ကိုကို အလုပ်ကိစ္စနဲ့ခဏသွားရတာလေ၊ညီ့ကို ပြောဖို့ ညီက အိပ်နေတာနဲ့ မပြောခဲ့လိုက်ရတာ၊ကိုကို ညီမသိဘဲ ဘယ်မှ ထပ်မသွားတော့ဘူးနော်"

"ညီ အခန်းပြင်ထွက်ချင်တယ်၊ဒီထဲမှာ မနေချင်ဘူး၊ကိုကို့ကို အိမ်ထဲမှာ လိုက်ရှာချင်တယ်၊ကိုကို အခန်းထဲ လာရှာချင်တယ်"

Main(Enemy Of The Mafia Guy)Where stories live. Discover now