Part-38(Uni)

215K 13.1K 7.8K
                                    

Part-38

"ဘယ်လိုထင်လဲ ကောင်လေး"

"အချိန်ပေးနိုင်ရင်တော့ ရမှာပါဘဘ၊အချိန်က ဘယ်လောက်ထပ်ယူလို့ရမလဲ"

"ဒီတစ်ညတည်းဆို ရနိုင်ပါ့မလား"

ကောင်လေး မျက်ခုံးလေးတွေ ပင့်တက်သွားသည်။ လက်ချောင်းလေးတွေက ကီးဘုတ်ကို တစ်ဖျောက်ဖျောက်နှိပ်နေကြပြီး မျက်လုံးအစုံကလည်း ကွန်ပျူတာ Screenကို မျက်ခြေမပျက် စောင့်ကြည့်နေ၏။ ဗိုက်က ဆူဖြိုးနေသဖြင့် ထိုင်ရတာတော့ သက်သောင့်သက်သာ ရှိမှာမဟုတ်။ ဘေးမှာထိုင်နေသည့် ဝိတ်ကတော့ ကောင်လေးကို ကူစေချင်ပုံပါ။

"လုပ်မနေနဲ့တော့ ဘဘ၊ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ပဲ ရှင်းလိုက်မယ်"

ဝင်လာလာချင်း မတည့်ပေါက်ချိုးသည့် ယောကျ်ားဖြစ်သူကို ကောင်လေးက တစ်ချက်ပဲ လှည့်ကြည့်ပြီး သူ့အလုပ်သူလုပ်သည်။ Mainက ကိုယ်မှာဝတ်ထားသည့် Shirtအဖြူကို တံတောင်ထိ ဆွဲတင်၍ ကောင်လေး အလုပ်,လုပ်နေသည့် စားပွဲရှေ့ရောက်လာပြီး Laptopကို ဆွဲပိတ်ပစ်၏။

"ထ! လုပ်မနေနဲ့၊ ကျုပ်ဘာသာ ကြည့်ရှင်းလိုက်မယ်"

"အဓိက! မင်း အဲ့လောက်ထိ မာနကြီးပြနေဖို့ လိုလို့လား"

"ခင်ဗျား ကျန်းမာရေးအတွက် ပြောနေတာ၊ မဟုတ်ရင် ကျုပ်ကခိုင်းလို့ဆိုပြီး လာဦးမှာ...."

"ငါ့ကျန်းမာရေးအတွက်ပြောတာ အဲ့ဒီလေသံနဲ့လား၊ ကလေးရှေ့ သွားပြောရင်တောင် မယုံဘူး"

"ကျစ်! ခင်ဗျား...."

"Main တော်တော့၊ ကောင်လေးလည်း သွားနားလိုက်တာပဲ ကောင်းပါလိမ့်မယ်၊ ဘဘတို့ဘာသာ ကြည့်ဖြေရှင်းလိုက်လည်းရပါတယ်၊ ကောင်လေးသွားနားပါ"

"ကျွန်တော် အဆင်ပြေတယ်ဘဘ၊ သူ့လေသံကို မကြိုက်လို့ ပြောတာ၊ သူ့ဘက်က ကြိုတင်မပြင်ဆင်ထားလို့ မပြင်ဆင်ထားဘူး ပြောမိတာ၊ အဲ့ဒါကို မကျေမနပ်ဖြစ်ပြီး ခုချိန်ထိ ပြောနေတာ"

"ဘယ်သူက ပြဿနာရှာတာလဲ၊ ခင်ဗျားပဲ လူကို မခေါ်နိုင် မပြောနိုင် ဖြစ်နေတာ မဟုတ်ဘူးလား"

ပြောချလိုက်တော့ မျက်နှာပျက်သွားသည်။ လင်မယား အနေတူနေတာကို ပြဿနာကြီးလို ပြောဆိုနေတာ ဘယ်သူလဲ။ အလုပ်ကိစ္စနဲ့ ဘာမှ ဆိုင်မနေဘူး။ ကလေးကို မထိခိုက်ပါဘူးဆိုတာကို နားလည်အောင် အထပ်ထပ်ရှင်းပြသည် မရ။ လူကို တဏှာရူးလို လာပြောနေတာ။

Main(Enemy Of The Mafia Guy)Where stories live. Discover now