Part-14(Zawgyi)

47.8K 1.2K 72
                                    

"အခုကိစ္စကို Main ဘယ်လိုဆုံးဖြတ်မှာလဲ ကိုမိုး"

"ခင်ဗျားဘာကို စိတ်ပူနေတာလဲ ကိုမောင်မောင်ချင်း"

"အဲ့ဒီညက Mainလုပ်ရပ်ကို ခင်ဗျားလည်းမြင်တာပဲ၊ကိုယ်နဲ့စေ့စပ်မဲ့ Omegaကို ထားပစ်ခဲ့ပြီး တခြား Omegaတစ်ယောက်ကို လူအများရှေ့ ပေါ်တင်ခေါ်ထုတ်သွားတာ"

"......"

"Heatဝင်နေတဲ့Omegaကို ထိပ်တန်အဆင့်Alphaက ဘာအကြောင်းကြောင့် ခေါ်ထုတ်သွားတာဖြစ်မလဲ၊ရှင်းနေတာပဲဗျာ၊တခြားသူတွေကလည်း ကျုပ်လိုပဲ မြင်ကြမှာပဲ၊ကျုပ်သားသိက္ခာက ရှိသေးတယ် ကိုမိုး"

"ခင်ဗျားပြောတာကို ကျုပ်သဘောပေါက်ပါတယ် ကိုမောင်မောင်ချင်း၊ဒါပေမဲ့....Alphaတစ်ယောက်နဲ့Omegaတစ်ယောက်၊Heatကာလကို အတူတူဖြတ်သန်းဖြစ်ကြတယ်ဆိုတာက သဘာဝပါပဲ၊လူမြင်တာနဲ့ လူမမြင်တာ ဒါပဲကွာတာပါ"

ဦးမိုးကြိုးပြောလိုက်တော့ ဦးမောင်မောင်ချင်း မျက်နှာပျက်သွား၏။Alphaတစ်ယောက်က သူတို့လက်ထပ်မဲ့ Omegaတစ်ယောက်နဲ့ပဲ စပ်ယှက်ခွင့်ရှိရမယ်လို့ ဘယ်မှာစည်းမျဉ်းရှိလို့လဲ။ဘယ်Omegaကရော ကွန်ပလိမ်းတက်ခွင့် ရလို့လဲ။

Mainက ခုချိန်ထိ လူလွတ်Alphaတစ်ယောက်ဖြစ်နေသေးသည်မဟုတ်လား။ပြောကြေးဆို Mainက စောင့်ထိန်းတတ်တဲ့ Alphaထဲမှာတောင် ပါသေးသည်။Dinnerညက ကိစ္စကတော့ အမြင်ဆိုးသွားပေမဲ့လို့ပေါ့။

"Mainက သူ့ကတိအတိုင်း လေပြေ့ကို စေ့စပ်မှာပါ"

"မိဘတစ်ယောက်နေရာက ပြောရရင်၊Mainအနေနဲ့ ကျုပ်သားကို စေ့စပ်မှာက ပြောထားတဲ့ကတိကြောင့်ဆိုတာမျိုး မဖြစ်စေချင်ဘူး ကိုမိုး"

ဦးမောင်မောင်းချင်းစကားဆုံးတော့ ဦးမိုးကြိုးက ပြုံး၏။ပြီးမှ....

"မာဖီးယားတစ်ယောက်က အချစ်တွေ၊မေတ္တာတွေအကြောင်း၊ဘယ် အချိန်ပေးစဉ်းစားပါ့မလဲ ကိုမောင်မောင်ချင်း၊မဟုတ်ဘူးလား"

ဦးမောင်မောင်ချင်း မျက်နှာကြီးတင်းနေသည်။ကိုမိုးကြိုးပြောချင်သည့်အဓိပ္ပါယ်က စေ့စပ်ဖို့ဖြစ်လာတာက အချစ်တွေ၊မေတ္တာတွေမပါဘဲ Mainအကျိုးစီးပွားသက်သက်ကြောင့်လို့ ပြောချင်တာ။နှစ်ဦးနှစ်ဖက်ကျေနပ်လို့ ပြောပြီးဆိုပြီးမှ ဘာ'စောဒက'လာက်နေတာလဲဆိုသည့်ပုံစံမျိုး။

Main(Enemy Of The Mafia Guy)Donde viven las historias. Descúbrelo ahora