Part-11(Uni)

161K 9.6K 4.2K
                                    

'ကောင်း! မင်းတကယ် estrusအကြိုကာလထဲ ရောက်နေတာလား'

'အင်း.....!'

Oestrusအကြိုကာလဆိုတာက Heatကာလမရောက်ခင် ဖြတ်သန်းရသည့် အကြိုကာလ အပိုင်းအခြားဖြစ်သည်။ထိုကာလကို ဖြတ်သန်းရပြီဆိုလျှင် Inhibitorအဆင်သင့်ရှိနေဖို့ လိုအပ်လာသည်။ထိုမှသာ Alphaမရှိသည့် Omegaအတွက်က Heatကာလကို သက်သောင့်သက်သာ ဖြစ်သန်းနိုင်မှာဖြစ်သည်။

'ဦးသစ်ပြောတာ မင်းမှာ Inhibitorတစ်လုံးရှိတယ်ဆို၊နောက်လအတွက်ပဲ လိုမှာဆို'

'အဲ့ဒါက ငါကြိုသုံးလိုက်ရတယ်'

'OMG! တကယ်ကြီး၊မင်းကို အဲ့ဒီ Alphaထိကပါး၊ရိကပါး လုပ်နေတယ်မှလား'

ကောင်းမျက်နှာလေးကလည်း နီရဲသွား၏ပြီးတော့ တိတ်ဆိတ်နေလျှင်

'Fuck! အဲ့ဒီ Alpha၊မင်းကို ထိကပါး ရိကပါး တကယ် လုပ်နေတာပဲ၊မဖြစ်နိုင်စရာတော့ မရှိပါဘူး၊ငါတို့ကောင်းက လှတယ်လေ'

'ငါ Alphaနဲ့ တစ်ခါမှ နီးနီးကပ်ကပ်မနေဖူးလို့ ထင်တယ်၊ပြီးတော့ သူ့Pheromoneက အားပြင်းလွန်းတယ်'

'မင်း Inhibitorကြိုသုံးထားတာတောင် oestrusကာလကို မြန်မြန်ရောက်လာသေးတာလား'

'အင်း....၊ကြိုသုံးလိုက်လို့၊မဟုတ်ရင် ပိုစောမယ်ထင်တယ်'

'မင်းသူ့အပေါ်မှာ တစ်ခုခုခံစားနေရတယ်မှလား'

'အဲ့ဒါက....'

'သူက Level 0အဆင့်လေ၊ဘယ်Omegaက မကြွေဘဲ နေနိုင်မှာလဲ၊Mideaမှာ တက်လာတဲ့ သူ့ပုံလေးတစ်ပုံကတောင် ဒီလောက်ဆွဲဆောင်မှုရှိနေတာကို'

မိုးရာ၏စာတွေက ဆက်တိုက် တက်လာသဖြင့် ကောင်းငြိမ်နေလိုက်ရသည်။

'သူ့ပုံစံက အေးစက်စက်နဲ့ ဘယ်ရှုထောင့်ကကြည့်ကြည့် Mafiaမှန်း သိသာတယ်၊ဒါပေမဲ့....ပုံထဲမှာလေ မီဒီယာတွေ ဘေးတစောင်း ရိုက်ထားတဲ့အနေအထားမှာတောင် သူ့စပိန်မျက်နှာပေါက်ကြီးက ရူးလောက်တယ်၊အပြင်မှာ သူအရမ်းချောတာပဲလား ကောင်း'

'အင်း....၊ထင်တာပဲ'

'အံမယ်၊သူမကြွေပါဘူးပေါ့'

'သူ့မှာ '0'အဆင့် Omegaရှိတယ် မိုးရာ'

'အားးးး Sorry၊ငါ မေ့နေတာ၊သူ့ Omegaကရော လှမှာပေါ့နော်'

Main(Enemy Of The Mafia Guy)Where stories live. Discover now