အမှာစာ & ABO World....?

511K 12.5K 901
                                    


အကြာကြီးနေမှ ပြန်ရေးရမှာဆိုတော့ ရေးတတ်ပါဦးမလားပဲ။ဒါပေမဲ့ ကိုယ့်စာဖတ်သူတွေ ဖတ်လို့အဆင်ပြေအောင်တော့ ကြိုးစားရေးပါ့မယ်ရှင်။အဓိကပြောချင်တဲ့အချက်က ကိုယ့်ကိုစောင့်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးပေးတာပဲဖြစ်ပါတယ်။အရင်ကတည်းက PSပြီးရင်Tryကြည့်မယ်ဆိုပြီး စိတ်ကူးရှိနေတာကြောင့်လည်း ပါတယ်ပေါ့နော်။ဒါကြောင့်ဒီတစ်ခုကိုလည်း ကိုယ့်စိတ်ကူး၊ကိုယ့်စတိုင်အတိုင်းပဲ ရေးဖြစ်သွားမှာပါ။ဖတ်ဖို့မဖတ်ဖို့က စာဖတ်သူကပဲဆုံးဖြတ်ပါ။

*****

ABO Wolrd အကြောင်းကို နည်းနည်းထပ်ပြောပါမယ်နော်။ABO Worldကတော့ ဖတ်ဖူးသူတိုင်း ရင်းနှီးနေကြလိမ့်မယ်ဆိုပေမဲ့ မရင်းနှီးသေးတဲ့သူတွေရှိခဲ့ရင် အကြမ်းဖျင်းသိထားလို့ရအောင်ပါ။

ABO Worldဆိုတာက Omegaverseကိုခေါ်တာပါ။ယောင်္ကျားတွေကိုယ်ဝန်ဆောင်လို့ရအောင် ဖန်တီးပုံဖော်ထားတဲ့ တခြားစကြဝဠာတစ်ခုကို ဆိုလိုတာပါ။ABO Worldမှာသမိုင်းနောက်ခံ ယဥ်ကျေးမှု၊ဆေးပညာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကအစ လက်တွေ့ကမ္ဘာနဲ့ကွဲပြားနိုင်ပါတယ်။ABO Worldမှာဆိုရင် Alpha/Beta/Omega ဆိုတဲ့လူတန်းစားသုံးမျိုးရှိပါတယ်။

A- Alpha(အယ်လ်ဖာ)
Alphaတွေက များသောအားဖြင့်ဉာဏ်ရည်ထက်မြတ်ပြီး အရာရာကိုလွှမ်းမိုးချယ်လှယ်နိုင်စွမ်းရှိတဲ့သူတွေပါ။ABO Worldရဲ့အစာကွင်းဆက်မှာ အင်အားအကြီးဆုံးသူတွေဖြစ်ပါတယ်။(များသောအားဖြင့် ပင်ကိုယ်စရိုက်ကိုယ်က Possessiveဖြစ်တဲ့သူတွေပါ)Alphaတွေဟာ သူတို့ကိုယ်ခန္ဓာကနေ ကိုယ်ပိုင်Pheromone(ဖယ်ရိုမုန်း)အနံ့အသက်တွေ ထုတ်လွှတ်နိုင်ပါသေးတယ်။Pheromone ထုတ်လွှတ်တဲ့နေရာမှာ Alpha တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ Phremoneအနံ့အသက်တွေ ကွဲပြားနိုင်ပါတယ်။Alphaတွေက Omegaတွေကို ဘယ်အခြေအနေမျိုးမှာမဆို လွှမ်းမိုးထားနိုင်ပါတယ်။

B-Beta(ဘီတာ)
Betaတွေကတော့ သာမာန်လူတန်းစားတွေနဲ့ ဆင်တူပါတယ်။ကိုယ်တွေကမ္ဘာနဲ့ နီးစပ်တဲ့သူတွေပါ။Betaတွေကကျတော့ ကိုယ်ပိုင်Pheromoneမထုတ်လွှတ်နိုင်သလို တခြားသူရဲ့Pheromoneအနံ့အသက်ကိုလည်း ခံစားနိုင်စွမ်းမရှိကြပါဘူး။Betaတွေက Alphaနဲ့လည်းပေါင်းဖက်နိုင်သလို Omegaနဲ့လည်း ပေါင်းဖက်လို့ရပါတယ်။(Betaတွေကတော့ ဖန်တီးသူရဲ့အပေါ်မှာမူတည်ပြီး ကိုယ်ဝန်ဆောင်ကောင်းဆောင်နိုင်ပါတယ်)

Main(Enemy Of The Mafia Guy)Where stories live. Discover now