Part-32(Zawgyi)

53.7K 1.5K 220
                                    

Part-32

အိပ်ရာထက်မှာ ဖြူဖျော့စွာ လဲလျောင်းနေသူကိုကြည့်ပြီး Main မေးရိုးတွေ တင်းနေ၏။အိပ်ပျော်နေသူ၏ လက်နွေးနွေးကို ဆုပ်ကိုင်ထားမိရင်း ပင့်သက်ရှိုက်မိတာလည်း အကြိမ်ကြိမ်။အမှန်ပြောရရင် သူ့Omegaကို ဆံချည်တစ်မျှင်တောင် အထိခိုက်မခံနိုင်။အခုက သူ့ ကလေးကို လွယ်ထားသည့်အချိန်မို့ ပိုဆိုးသည်။

သူ့ရာဇဝင်မှာ သူပိုင်ဆိုင်ထားသည့် အရာဝတ္ထုဆိုရင်တောင် လာထိရဲသည့်ကောင်မှန်သမျှကို လျှော်ပေးလိုက်သည်ဟူ၍ မရှိ။အခုက သူ့Omega။နှစ်ခါပြောရတာကို ဘယ်တုန်းကမှ မကြိုက်တတ်သည့်စိတ်က သူ့Omegaကို အကြိမ်ကြိမ်ပြောခဲ့သည်။ကလေးကို အန္တရာယ်ပြုလာတဲ့အချိန် ခင်ဗျားညီ သေရမယ်ဆိုတာကို။

အဲ့ဒီကောင်အကြောင်းကို သိနေ၍ တစ်ခြံလုံး ကင်မရာအနှံ့ တပ်ထားခဲ့သည်။ကင်မရာ မတပ်ထားသည့်နေရာဆိုလို့ ရေကူးကန်တွေပဲ ရှိ၏။ဒါကိုလည်း အဲ့ဒီကောင် သိနေသည်။နောက်ပြီး သူအပြင်ထွက်သွားသည့်အချိန်နှင့် ဖိုးခွားအနားမှာ ရှိမနေသည့်အချိန်ကို တမင်စောင့်လုပ်သွားတာ။

ဓားက သူ့Omega၏ ခါးစပ်ကို ရှပ်ထိသဖြင့် 7ချက်ချုပ်လိုက်ရသည်။ဟိုကောင်ထိုးတာက ဗိုက်တည့်တည့်ကို ဖြစ်လိမ့်မည်။သူသတိထားလို့သာ ခါးကိုပဲ ရှပ်ထိသွားခဲ့တာ။ဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတွေးထားခဲ့သလို အခုလို ဖြစ်လာရင် ဘာလုပ်ရတော့မယ်ဆိုတာကိုလည်း ဆုံးဖြတ်ထားပြီးသား။

ဒီကောင့်မှာ လူသိ မရှိဘူးဆိုတာကို သူက နားလည်ပေမဲ့ ကောင်းခြင်းတည်စေက နားမလည်။သူ့ညီကို သူ့စိတ်နဲ့ သွားနှိုင်းနေတာက ပြဿနာဖြစ်နေတာ။အခန့်မသင့်လို့ သူ့အသက်သေသွားခဲ့မယ်ဆိုရင်တောင် သူ့ညီက စိတ်မမှန်လို့ လုပ်တာပါဆိုပြီး ခွင့်လွှတ်ပေးဦးမည်ထင်၏။

သူ့ညီရှိနေသရွေ့ သူ့စိတ်ကို ပြောင်းလဲပစ်လို့ ရမှာမဟုတ်။ဘာကိစ္စပဲကြုံကြုံ သူ့ညီ့ကို စောင့်ရှောက်ရမယ်ဆိုတာနဲ့ သည်းခံရမယ်ဆိုတာကြီးက သူ့ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတာ သေချာသည်။သူ့ဆီက အဲ့ဒီအစွဲကို ကျုပ်ကိုယ်တိုင် အဆုံးသတ်ပေးမှာ ဦးမင်းရာ။သူက ကျုပ်Omega ဖြစ်နေပြီ။

Main(Enemy Of The Mafia Guy)Where stories live. Discover now