Part-43(Zawgyi)

38.4K 1.1K 97
                                    

Warning : 18+(18+ Scenesတွေကို SSမရိုက်ကြပါနဲ့နော်)

Part-43

"Great ဒီနေ့ Break boardသုံးခု ခွဲပြနိုင်မှ အတန်းဆင်းရမှာကို သိတယ်မှလား"

"ဟုတ်!"

သားက တိုင်ကွမ်ဒို ဝတ်စုံအဖြူလေးဝတ်ထားပြီး Trainerပြောသမျှကို တဟုတ်ဟုတ်လုပ်ရင်း ခုန်ဆွ၊ခုန်ဆွ လုပ်နေ၏။ ဘေးက ကြည့်နေသူ အားလုံးက သူ့ကို ကြည့်ပြီး သဘောကျနေကြသည်။

"​သုံးချပ် ခွဲပြရမှာနော်၊ Great လုပ်နိုင်ပါ့မလား"

"နိုင်တယ်...."

"အေး၊ ကြိုက်ပြီကွာ"

"ဒီည အပြင်သွားမယ်ဆိုရင် ရအောင် လုပ်ပြရမယ်၊ ဟုတ်ပြီလား"

"ဟုတ်၊ ဟုတ်"

ခေါင်းတဆတ်ဆတ်ညိတ်ပြ၍ တက်ကြွနေသည့်သားကို ကြည့်ပြီး Trainerက ရယ်သည်။

"ကဲ စမယ်ကွာ၊ ဟိုက် ယား...."

"အိုက် ယား...."

Trainerက ခြေထောက်နှစ်ချောင်းကို ခွဲ၍ ဒူးညွှတ်ပြီး ခြေတစ်ဖက်ဆောင့်ပြတော့ သားကလည်း သူ့ဆရာအတိုင်း လိုက်လုပ်နေတာ ဖြစ်သည်။ ရှေ့တည့်တည့်ကို လက်သီးနဲ့ ဘယ်ညာ ထိုးပြတော့လည်း အကုန်လိုက်လုပ်နိုင်၏။ လူလေးက သေးသေးလေးနဲ့ မာန်ကလည်း အပြည့်။ Trainerက သားခွဲရမည့် break boardကို ယူ၍ သူ့လက်ထဲမှာ ကိုင်ထား၏။

"Great အသင့်အနေအထား ပြင်မယ်"

"ဟုတ်!"

ပြောတော့ လက်သီးနှစ်ဖက်ကို ဆုပ်၍ Trainerလက်ထဲက Break boardကိုကန်ဖို့ အသင့်ဖြစ်နေပြီ။

"Greatစမယ်၊ 1 , 2, 3"

"အိုက်ယား...."

Trainerလက်ထဲက Break boardကို ခြေထောက်သေးသေးလေးနဲ့ လှမ်းကန်သော်လည်း Break Boardက မကွဲပေ။

"ကဲနောက်တစ်ခါ ထပ်ကန်မယ်"

"အိုက်ယား....."

Trainက Break boardကို လွှင့်ပစ်လိုင်ပြီး လွင့်ထွက်သွားသယောင်လုပ်ပြတော့ ပါးစပ်လေးဝိုင်းသွား၏။

"Greatက လွင့်စင်သွားအောင်ကို ကန်နိုင်တာပဲကွ"

"အ ဟက် ဟက် ဟက်"

ထိုအခါမှ သဘောကျပြီး တဟက်ဟက်ရယ်တော့၏။ သားကိုကြည့်ပြီး Trainerနှင့် ဘဘကလည်း တဟားဟားရယ်သည်။ Mainက သူ့သားကို လက်ပိုက်ကြည့်နေရင်း သူ့ပါးစပ်သူ လက်နဲ့ကာပြီး ရယ်၏။ သားက Mainဆီ ပြေးလာပြီး Mainအပေါ် ခုန်တက်သဖြင့် Mainက ဆီးပွေ့ခေါ်ရသည်။ သူ့ဒယ်ဒီ မျက်နှာကို ညှပ်ကိုင်၍....

Main(Enemy Of The Mafia Guy)Where stories live. Discover now