Main&Kaung/Nyi

126K 8.1K 571
                                    

ဒီအပိုင်းမှာ သူတို့ညီကိုနှစ်ယောက် စကားပြောတာ မပါသေးဘူးပေါ့နော်။ပြီးတော့ ကောင်းညီ့အပေါ်ထားတဲ့စိတ်ကို မြင်အောင်ကြည့်ဖို့ဆိုရင် အပိုင်း၃ မှာ Mainကို ဖိနပ်စီးပေးခိုင်းတဲ့ အပိုင်းပေါ့။DA တစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်အိမ်ကို လာတဲ့ဧည့်သည်ကို ဖိနပ်စီးပေးခိုင်းတာက တော်တော်ကြီးကို မဖြစ်သင့်တဲ့ လုပ်ရပ်ပေါ့။ဒါပေမဲ့ ကောင်းက ဒါကို မလုပ်သင့်ဘူးလို့ မမြင်အောင် ညီ့အပေါ် အပြစ်မမြင်တဲ့ သူ့စိတ်ကို မြင်ရမှာပါ။

နောက်တစ်ချက်က သူတို့ငယ်ငယ်က ညီ ကောင်းကို ရန်လုပ်တော့ Mainက ညီ့ကို ဝင်ဆွဲတာမှာ ကောင်းက ညီ့ကို လွှတ်ပေးဖို့ ပြောတဲ့ Scene။အဲ့ဒီအခန်းမှာလည်း ကောင်းက သူ့ကိုဝင်ကူတဲ့ Mainကို သူ့ညီအတွက် အားမနာတမ်း ပြောချလိုက်တာကို သတိထားကြည့်ရင် မြင်ရပါလိမ့်မယ်။Mainက ဒေါသထွက်ပြီး ကောင်းကို သတ်ဖို့ကျိန်းခဲ့တာ ဒါကြောင့်ပါ။(သူတို့အသက်ကြီးတော့ ညီက ကောင်းကို ရန်လုပ်တဲ့ Sceneမှာ Mainက သူကိုယ်တိုင် လာမဆွဲတော့ဘဲ စိုင်းလုံးကို လွှတ်လိုက်တာကို သိကြမယ်ထင်ပါတယ်၊Mainက ငယ်ငယ်က ပြောခံထိဖူးလို့ လုံးဝ ဝင်မဆွဲတော့တာပါ၊သူ့ ကိုယ်ပိုင် ဖြစ်လာမှ အမှတ်အသားပေးပြီးမှ ပေါ်တင် ကာကွယ်တာ၊ကောင်းမကြိုက်လည်း Mainက ဝင်ပါမှာပဲ၊သူ့တရားဝင် ဖြစ်နေပြီမို့ပါ) Mainက ငယ်ငယ်လေးကတည်းက သူတို့ညီအကို အကြောင်းကို သဘောပေါက်ခဲ့တယ်။သူတို့ပြန်တွေ့တော့ သူဆီ ခေါ်ထားတဲ့နေရာမှာ ညီနဲ့ အကျပ်ကိုင်လို့ရခဲ့တာကိုလည်း သတိထားမိကြမယ်ထင်ပါတယ်။

နောက်တစ်ချက်က ကောင်းတို့က ဖာဖီးယားမိသားစုဝင်တွေပါ။သူ့အဖေတို့ဖာဖီးယားတွေရဲ့ လုပ်ရပ်တွေကို မစိမ်းသက်နေခဲ့ပါဘူး။လူတစ်ယောက်ကို သတ်တာက မာဖီးယားတွေအတွက် ဆန်းကျယ်မနေတာမျိုးပေါ့။ပြီးတော့ ညီက အဖေသွေး အပြည့်ပါလာတဲ့ကလေးဖြစ်နေတဲ့အပြင် စိတ်ကလည်း လုံးဝပုံမှန်ဟုတ်မနေတဲ့သူပါ။သူငယ်ငယ် ကလေးဘဝမှာကတည်းက Nurseတစ်ယောက်ကို သတ်ဖူးတဲ့အပြင် သူ့ကြောင့် ထိခိုက်လို့ Nurseတွေ တောက်လျှောက် ပြောင်းလာရတယ်ဆိုတာကိုလည်း ရှေ့အပိုင်းတွေမှာ ရေးပြထားဖူးတယ်။ကောင်းအတွက်က ညီ့အဲ့လို လုပ်တာက ပထမဆုံး အတွေ့အကြုံ ဟုတ်မနေတာပါ။ဒါကြောင့် ညီလုပ်တယ်ဆိုတာကို တန်းသိတာပေါ့နော်။

ပြီးတော့ ညီက သူ့အနားမှာ အချိန်ပြည့်ရှိနေတဲ့ သူ့မိသားစုဝင်ဆိုတော့ ညီ့ကို သူ့အနားမှာပဲ ထားချင်ခဲ့တာ။အဖေကိုယ်တိုင်ကလည်း သူ့သားလေးကို ဘာလုပ်လုပ် ခွင့်ပြုထားခဲ့တဲ့ အပြင်လူတွေ မသိအောင် အိမ်ထဲမှာ ဖုံးထားခဲ့တဲ့ အလိုလိုက်ခံ သားလေးဖြစ်နေတော့ သူ့သား လူသတ်တာကို စိတ်ကြိုက် ခွင့်ပြုထားခဲ့တဲ့သဘောမျိုးပါ။ပုံမှန်လူတွေအနေနဲ့ ကြည့်ရင် တော်တော် ကြောက်စရာကောင်းပြီး မဖြစ်သင့်တဲ့ လုပ်ရပ်ဆိုပေမယ့် မာဖီးယားတွေအတွက်ကျတော့ လူ့အသက်ကို တန်ဖိုးမထားတတ်ကြဘူးလေ။ဝဠာမိုးခြိမ့်တို့သားအဖနဲ့ ဦးမင်းရာတို့လို မာဖီးယားတွေက ပိုဆိုးပါလိမ့်မယ်။

စာရေးသူက ကာရိုက်တာတွေကို သက်ဝင်ခံစားတဲ့အပေါ်မှာ ဘယ်သူမို့ ဘာကိုတော့ မလုပ်သင့်တာမျိုးမဟုတ်ဘဲ လူတွေရဲ့ တစ်ဖက်ခြမ်းက စိတ်နေစိတ်ထား၊အတ္တတွေကိုလည်း ဒီအတိုင်း ဖော်ပြခဲ့တာပါ။ကာရိုက်တာတစ်ဦးချင်းစီရဲ့ တစ်ဖက်ခြမ်းတွေကိုပေါ့။(ဥပမာ:ဘဘရဲ့ တစ်ဖက်ခြမ်းကို အမှတ်အသားပေးပြီးတဲ့ အပိုင်းမှာ မြင်တွေ့ခဲ့ရသလိုပါပဲ။)ကာရိုက်တာတွေရဲ့ စိတ်ခံစားမှု၊သဘောထားအတိုင်း စာရေးသူက လိုက်ခံစားဖြစ်တဲ့သဘောပါပဲ။အမြင်မတူရင် ဒီအောက်မှာ ဝင်ဆွေးနွှေးပါဦး။


Main(Enemy Of The Mafia Guy)Where stories live. Discover now